Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယု​ဒ 1:13

Common Language Bible

ပြင်း​ထန်​လှ​သည့်​ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့် လည်း​တူ​ကြ​၏။ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​မှ ရေ​မြှုပ်​များ​ကဲ့​သို့ သူ​တို့​၏​ရှက်​ဖွယ်​ကောင်း သည့်​အ​ကျင့်​များ​သည်​ပေါ်​လွင်​လျက်​ရှိ​၏။ သူ​တို့​သည်​လမ်း​ကြောင်း​အ​တည်​တ​ကျ မ​ရှိ​သည့်​ကြယ်​ပျံ​နှင့်​လည်း​တူ​ကြ​၏။ သူ တို့​အ​တွက်​ဘု​ရား​သ​ခင်​သည်​အ​မှောင် မိုက်​ဆုံး​ဖြစ်​သည့်​အောက်​အ​ရပ်​တွင် ထာ​ဝ​စဉ် နေ​ရာ​သတ်​မှတ်​၍​ထား​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ရေ​မြည်​ဟည်း​သံ​နှင့် လှိုင်း​လုံး​သံ​တို့​ကို​ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​သံ​များ​ကို​လည်း ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။

သို့​ရာ​တွင်​ဆိုး​ညစ်​သူ​တို့​သည်​အ​မြဲ​လှုပ်​ရှား လျက် လှိုင်း​လုံး​များ​ဖြင့်​အ​ဆက်​မ​ပြတ်​ရိုက် ခတ်​ကာ၊ ရွှံ့​နှင့်​အ​မှိုက်​သ​ရိုက်​များ​ကို​ယူ ဆောင်​လာ​တတ်​သော​ပင်​လယ်​ရေ​နှင့်​တူ​ကြ​၏။-

ထို​သူ​တို့​သည်​င​ရဲ​တွင်​လမ်း​ဆုံး​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​ကား မိ​မိ​တို့​ဝမ်း​ပေ​တည်း။ သူ​တို့​သည် ရှက်​ကြောက်​သင့်​သော​အ​ရာ​တို့​တွင် ဂုဏ်​ယူ​ဝါ​ကြွား ကြ​၏။ လော​က​အ​ရာ​တို့​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။-

ဆိုး​ညစ်​သူ​များ၊ အ​ယောင်​ဆောင်​လှည့်​စား​သူ များ​သည်​ဆိုး​ယုတ်​သည်​ထက်​ပို​မို​ယုတ်​စွာ​ပြု ကျင့်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​တစ်​ပါး တို့​အား​လှည့်​စား​၍​မိ​မိ​တို့​ကိုယ်​တိုင်​လည်း အ​လှည့်​စား​ခံ​ရ​လိမ့်​မည်။-

ထို​သူ​တို့​သည်​ရေ​ခန်း​ခြောက်​သွား​သည့်​စမ်း ချောင်း​များ​ကဲ့​သို့​လည်း​ကောင်း လေ​မုန်​တိုင်း တွင်​လွင့်​ပါ​သွား​သည့်​မိုး​တိမ်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အ​တွက်​အ​လွန့်​အ​လွန်​မှောင်​မိုက်​သော​နေ ရာ​ကို​သီး​သန့်​၍​ထား​တော်​မူ​၏။-

မိ​မိ​တို့​ရ​ရှိ​ထား​သော​အာ​ဏာ​နှင့်​မ​ရောင့် ရဲ​ဘဲ နေ​ရင်း​ဌာ​န​ကို​စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​လည်း သ​တိ​ရ​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​၌ သူ​တို့ အား​အ​ပြစ်​ဒဏ်​ပေး​ရန်​မှောင်​မိုက်​ရာ အောက်​အ​ရပ်​တွင်​ထာ​ဝ​ရ​သံ​ကြိုး​များ ဖြင့်​ချည်​နှောင်​၍​ထား​တော်​မူ​၏။-

သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။

သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ