ယာကုပ် 5:15Common Language Bibleယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းသည် လူနာ အားကျန်းမာစေလိမ့်မည်။ သခင်ဘုရားသည် သူ့အားကျန်းမာလာစေတော်မူ၍ သူပြုမိ သောအပြစ်များကိုလည်းဖြေလွှတ်တော်မူ လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-
လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-