ယာကုပ် 4:2Common Language Bibleသင်တို့သည်မိမိတို့အလိုရှိသောအရာ များကိုမရနိုင်သဖြင့်လူ့အသက်ကိုသတ် ရန်အသင့်ရှိကြ၏။ မိမိတို့လွန်စွာလိုလား တောင့်တသည့်အရာများကိုမရနိုင်သဖြင့် အငြင်းပွားကြ၏။ ရန်ဖြစ်ကြ၏။ သင်တို့လို လားသောအရာကိုမရရှိကြသည့်အကြောင်း မှာဘုရားသခင်ထံတော်သို့မတောင်းမလျှောက် ကြသောကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ကြွယ်ဝချမ်းသာခြင်းသည်လှည့်စားတတ်၏။ % လောဘရမက်ကြီးသူတို့သည် မာန်မာန% ထောင်လွှားလျက်စိတ်တည်ငြိမ်မှုမရှိ။ သူတို့% သည်သေမင်းကဲ့သို့အဘယ်အခါ၌မျှ% ကျေနပ်ရောင့်ရဲမှုမရှိ။ ထို့ကြောင့်သူတို့% သည်တစ်နိုင်ငံပြီးတစ်နိုင်ငံတိုက်ခိုက်% သိမ်းယူတတ်လေသည်။-%
သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။