အလွန်ကြီးသောသင်္ဘောများကိုလေပြင်း တိုက်ခတ်နေချိန်၌ပင်လျှင် တက်မငယ်အား ဖြင့်ထိန်းချုပ်ကာတက်မကိုင်အလိုရှိရာ ဘက်သို့လှည့်စေနိုင်၏။-
သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။-
ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
အိုင်ထဲတွင်ရုတ်တရက်လေမုန်တိုင်းကျလာသဖြင့် လှေသည်လှိုင်းတံပိုးများထဲတွင်နစ်လုမတတ် ရှိတော့၏။ သို့ရာတွင်ကိုယ်တော်ကားအိပ်စက် လျက်နေတော်မူ၏။-
သို့ရာတွင်တပ်မှူးသည်ပေါလု၏စကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့၏စကားကို ပို၍ယုံ၏။-
ငါတို့သည်မြင်းကိုဇက်ခွံ့၍ငါတို့အမိန့် ကိုလိုက်နာစေနိုင်၏။ ငါတို့လိုရာသို့သွား စေနိုင်၏။-
လျှာသည်လည်းထိုနည်းအတိုင်းပင်ဖြစ် ပေသည်။ ယင်းသည်ကိုယ်ခန္ဓာ၏သေးငယ်သော အင်္ဂါအစိတ်အပိုင်းမျှသာဖြစ်သော်လည်း ကြီးကျယ်သောအရာများအကြောင်းကို ကြွားဝါတတ်သည်။ အလွန်ကြီးသောသစ်တောကိုသေးငယ်သော မီးပွားကလေးက လောင်ကျွမ်းစေနိုင်သည် ကိုစဉ်းစားကြည့်ပါလေ။-