Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယာ​ကုပ် 3:16

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​မ​နာ​လို​စိတ်၊ တစ်​ကိုယ် ကောင်း​စိတ်​တို့​သည်​မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ဆန် ခတ်​မှု၊ ဆိုး​ညစ်​ယုတ်​မာ​မှု​အ​မျိုး​မျိုး​တို့​ကို ဖြစ်​ပေါ်​စေ​တတ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​အ​ပေါင်း​တို့ ၏​ဘာ​သာ​စ​ကား​ကို​ရှုပ်​ထွေး​စေ​၍ သူ​တို့ ကို​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​တော်​မူ​ခဲ့ ခြင်း​ကြောင့် ထို​မြို့​ကို​ဗာ​ဗု​လုန်​မြို့​ဟူ​၍ ခေါ်​တွင်​ကြ​၏။

သြ​နန်​က​မရီး​နှင့်​ရ​မည့်​က​လေး​သည်​အစ်​ကို ၏​မျိုး​ဆက်​သာ​ဖြစ်​ကြောင်း​သိ​မြင်​သ​ဖြင့် အစ် ကို​အ​တွက်​သား​မ​ထွန်း​ကား​စေ​ခြင်း​ငှာ​သူ​နှင့် ဆက်​ဆံ​သည့်​အ​ခါ​တိုင်း​သုက်​ရည်​ကို​အ​ပြင် ၌​သာ​စွန့်​လေ​၏။-

အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ သော​အိမ်​ထောင်​သည်​ရပ်​တည်​နိုင်​မည်​မ​ဟုတ်။-

တစ်​မြို့​လုံး​ဆူ​ဆူ​ညံ​ညံ​ဖြစ်​လျက်​လူ​တို့ သည် ပေါ​လု​၏​ခ​ရီး​သွား​ဖော်​များ​ဖြစ်​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား​ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု တို့​ကို​ဖမ်း​ဆီး​၍ မြို့​တော်​ခန်း​မ​ကြီး​သို့ အ​လျင်​အ​မြန်​ခေါ်​ဆောင်​သွား​ကြ​၏။-

သို့​ရာ​တွင်​တစ်​ကိုယ်​ကောင်း​သ​ဘော​ရှိ​၍ အ​မှန် တ​ရား​ကို​ပစ်​ပယ်​ကာ​အ​မှား​ဘက်​သို့​လိုက် ပါ​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-

အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် စည်း​မဲ့​ကမ်း​မဲ့​ပြု​မူ​ခြင်း​ကို​လို​လား​တော် မ​မူ။ ငြိမ်​ဝပ်​ပိ​ပြား​မှု​ကို​လို​လား​တော်​မူ သော​ကြောင့်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​တွင် ကျင့်​သုံး​သည့်​မူ​အ​တိုင်း၊-

သင်​တို့​သည်​လော​ကီ​သား​များ​အ​ဆင့်​အ​တန်း ၌​သာ​နေ​ကြ​သေး​၏။ အ​ချင်း​ချင်း​မ​နာ​လို လျက်၊ ရန်​ဖြစ်​လျက်​နေ​ကြ​သည်​မှာ​လော​ကီ သား​အ​ဆင့်​အ​တန်း​၌​ပင်​သင်​တို့​ရှိ​နေ​ကြ သေး​၍​မ​ဟုတ်​ပါ​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ကြံ​နေ​ကြ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။-

သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။-

ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြီး​ပွား​ကျော်​ကြား​လို​စိတ် ရှိ​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ခွဲ​ခြင်း၊-

သို့​သော်​အ​ကယ်​၍​သင်​တို့​စိတ်​နှ​လုံး​တွင် နာ​ကြည်း​စိတ်၊ မ​နာ​လို​စိတ်၊ တစ်​ကိုယ်​ကောင်း စိတ်​များ​ရှိ​လျှင်​မိ​မိ​ဉာဏ်​ပ​ညာ​အ​တွက် ကြွား​ဝါ​ပြော​ဆို​ခြင်း​အား​ဖြင့်​သမ္မာ​တ​ရား ကို​မ​ဆန့်​ကျင်​နှင့်။-

မာရ်​နတ်​၏​ဘက်​သား​ဖြစ်​၍​မိ​မိ​၏​ညီ​အာ​ဗေ​လ ကို​သတ်​သူ​ကာ​ဣ​န​ကဲ့​သို့ ငါ​တို့​မ​ဖြစ်​စေ​ကြ နှင့်။ ကာ​ဣ​န​သည်​မိ​မိ​၏​ညီ​ကို​အ​ဘယ်​ကြောင့် သတ်​သ​နည်း။ သူ​၏​အ​ကျင့်​သည်​ဆိုး​ယုတ်​၍ သူ့ ညီ​၏​အ​ကျင့်​မူ​ကား​ဖြောင့်​မှန်​သော​ကြောင့် ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ