Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယာ​ကုပ် 3:10

Common Language Bible

နှုတ်​တစ်​ခု​ထဲ​မှ​ချီး​ကူး​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​အ​ဘိ​မ​လက်​သည်​အာ​ဗြ​ဟံ​ကို​ခေါ် ၍``သင်​သည် ငါ​တို့​အား​အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ သင့်​ကို​ငါ​ဘယ်​ကဲ့​သို့​ပြစ်​မှား​မိ​ခဲ့​သ​ဖြင့် သင် သည်​ငါ​နှင့်​တ​ကွ​ငါ​၏​နိုင်​ငံ​ကို​ဘေး​ဒုက္ခ​ဆိုက် ရောက်​စေ​ပါ​သ​နည်း။ သင်​သည် ငါ့​အား​မ​ပြု​အပ် သည့်​အ​မှု​ကို​ပြုပါ​သည်​တ​ကား။-

တာ​မာ​က``ဤ​ယုတ်​မာ​မှု​ကို​မ​ပြု​ပါ​နှင့်။ ဤ အ​မှု​သည်​ရွံ​ရှာ​စက်​ဆုတ်​ဖွယ်​ကောင်း​ပါ​၏။-

မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။

သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​ကို​ကောင်း ချီး​ပေး​ကြ​လော့။ သူ​တို့​ကို​မ​ကျိန်​မ​ဆဲ ဘဲ​ကောင်း​ချီး​ပေး​ကြ​လော့။-

သင်​တို့​သည်​လော​ကီ​သား​များ​အ​ဆင့်​အ​တန်း ၌​သာ​နေ​ကြ​သေး​၏။ အ​ချင်း​ချင်း​မ​နာ​လို လျက်၊ ရန်​ဖြစ်​လျက်​နေ​ကြ​သည်​မှာ​လော​ကီ သား​အ​ဆင့်​အ​တန်း​၌​ပင်​သင်​တို့​ရှိ​နေ​ကြ သေး​၍​မ​ဟုတ်​ပါ​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ကြံ​နေ​ကြ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။-

ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။-

ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။-

ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို​မှတ် သား​ထား​ကြ​လော့။ သင်​တို့​အား​လုံး​သည် ကြား​နာ​မှု​တွင်​လျင်​မြန်​ကြ​စေ။ ပြော​ဆို မှု​နှင့်​အ​မျက်​ထွက်​မှု​တွင်​မူ​နှေး​ကြ​စေ။-

ငါ့​ညီ​အစ်​ကို​တို့၊ ဆ​ရာ​ဖြစ်​သော​ငါ​တို့​သည် အ​ခြား​သူ​များ​ထက်​ပို​၍​ကျပ်​တည်း​စွာ​စစ် ဆေး​စီ​ရင်​ခြင်း​ခံ​ရ​ကြ​မည်​ကို​သိ​မှတ် ကြ​လျက်​သင်​တို့​တွင်​ဆ​ရာ​ဖြစ်​လို​သူ မ​များ​စေ​နှင့်။-

စမ်း​ရေ​ပေါက်​တစ်​ခု​တည်း​မှ​ရေ​ချို​ရေ​ခါး ထွက်​လာ​တတ်​ပါ​သ​လော။-

ငါ​တို့​သည်​ခ​မည်း​တော်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ရာ​၌​လျှာ​ကို​အ​သုံး​ပြု ကြ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​ထား​တော်​မူ​သော​လူ​တို့​ကို​ကျိန်​ဆဲ​ရာ ၌​လည်း​ယင်း​ကို​ပင်​အ​သုံး​ပြု​ကြ​၏။-

အ​ဆိုး​ကို​အ​ဆိုး​အား​ဖြင့်​လည်း​ကောင်း၊ ကျိန် ဆဲ​ခြင်း​ကို​ကျိန်​ဆဲ​ခြင်း​အား​ဖြင့်​လည်း​ကောင်း တုံ့​ပြန်​ခြင်း​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့် အ​စား​ကောင်း​ချီး​ပေး​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​စေ​ရန် သင်​တို့ အား​ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့ သော​ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ