Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယာ​ကုပ် 2:3

Common Language Bible

သင်​တို့​သည်​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား သူ​အား​အ​ရေး​ပေး​လျက်``ဤ​နေ​ရာ​တွင်​ထိုင် ပါ'' ဟူ​၍​လည်း​ကောင်း၊ ဆင်း​ရဲ​သူ​အား``ထို နေ​ရာ​တွင်​ရပ်​နေ​လော့'' ဟူ​၍​လည်း​ကောင်း ဆို​ပါ​မူ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရ တတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။

ထို​နောက်​သူ​တို့​က​မိ​မိ​တို့​သည်​အ​လွန်​ပင် မြင့်​မြတ်​သန့်​ရှင်း​လှ​သည်၊ အ​ခြား​သူ​တို့​နှင့် မ​ထိ​မ​တွေ့​အပ်​ဟု​ဆို​ကာ အ​ဘယ်​သူ​ကို​မျှ မိ​မိ​တို့​အနီး​သို့​မ​ချဉ်း​မ​ကပ်​စေ​ကြ။ ငါ သည်​ဤ​သို့​သော​လူ​တို့​ကို​သည်း​မ​ခံ​နိုင်။ ထို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သည့်​ငါ​၏ အ​မျက်​ဒေါ​သ​သည်​အ​စဉ်​တောက်​လောင် လျက်​နေ​သည့်​မီး​နှင့်​တူ​၏။

ဟေ​ရုဒ်​မင်း​နှင့်​သူ​၏​စစ်​သား​များ​သည်​ကိုယ် တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​ပြောင်​လှောင် ကြ​၏။ ထို​နောက်​တင့်​တယ်​သော​ဝတ်​လုံ​ကို ဝတ်​ပေး​ပြီး​လျှင် ကိုယ်​တော်​အား​ပိ​လတ် မင်း​ထံ​ပြန်​ပို့​လိုက်​၏။-

သင်​တို့​သည်​ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ခ​ရစ် ၏​ကျေး​ဇူး​တော်​ကို​သိ​ရှိ​ကြ​၏။ ကိုယ်​တော် သည်​ကြွယ်​ဝ​တော်​မူ​သော်​လည်း​သင်​တို့​၏ အ​ကျိုး​ငှာ​ဆင်း​ရဲ​ခံ​တော်​မူ​၏။ ဆင်း​ရဲ ခံ​တော်​မူ​ရ​ခြင်း​မှာ​သင်​တို့​ကြွယ်​ဝ​လာ စေ​ရန်​အ​တွက်​ဖြစ်​သ​တည်း။

အ​ကယ်​၍​သင်​တို့​စည်း​ဝေး​ရာ​သို့​ဝင်​လာ သော​လူ​နှစ်​ယောက်​အ​နက် လူ​တစ်​ယောက်​က ရွှေ​လက်​စွပ်​နှင့်​ဝတ်​ကောင်း​စား​လှ​များ​ကို ဝတ်​ဆင်​ထား​၍ အ​ခြား​တစ်​ယောက်​က​မူ ဆင်း​ရဲ​နွမ်း​ပါး​သူ​ဖြစ်​သ​ဖြင့် စုတ်​ပြတ် သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည်​ဆို​အံ့။-

သို့​ရာ​တွင်​သင်​တို့​က​ဆင်း​ရဲ​သူ​တို့​အား ရှုတ်​ချ​ကြ​သည်​တ​ကား။ ကြွယ်​ဝ​သူ​တို့​သည် သင်​တို့​အား​နှိပ်​စက်​၍​တ​ရား​သူ​ကြီး​များ ရှေ့​သို့​ဆွဲ​ငင်​ခေါ်​ဆောင်​သွား​ကြ​သည် မ​ဟုတ်​လော။-

ဤ​လူ​စု​သည်​အ​စဉ်​ညည်း​ညူ​လျက်​သူ​တစ် ပါး​အား အ​ပြစ်​တင်​လျက်​သာ​နေ​တတ်​ကြ​၏။ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လို​အင်​ဆန္ဒ​ကို​လိုက် ၍​ပြု​ကျင့်​တတ်​ကြ​၏။ မိ​မိ​တို့​အ​ကြောင်း ကို​ကြွား​ဝါ​တတ်​ကြ​၏။ ကိုယ်​ကျိုး​အ​တွက် သူ​တစ်​ပါး​တို့​အား မြှောက်​ပင့်​ပြော​ဆို​တတ် ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ