ယာကုပ် 2:21Common Language Bibleငါတို့၏ဘိုးဘေးအာဗြဟံသည် ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုအဘယ် သို့ရရှိသနည်း။ သူသည်မိမိသားဣဇာက် ကို ပလ္လင်ပေါ်တွင်တင်လှူပူဇော်ခြင်းတည်း ဟူသောအကျင့်အားဖြင့်ရရှိပေသည်။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
အာဗြဟံသည်ဘုရား၏စမ်းသပ်စစ်ဆေးခြင်း ကိုခံရသောအခါယုံကြည်ခြင်းအားဖြင့် သား ဣဇာက်ကိုယဇ်ကောင်အဖြစ်ပူဇော်လေသည်။ ``သင်၏အမျိုးအနွယ်ကိုဣဇာက်မှဆင်းသက် ပေါက်ပွားစေမည်'' ဟူသောဘုရားသခင်၏ ကတိတော်ကို သူသည်ခံယူရရှိခဲ့သော်လည်း မိမိ၏တစ်ဦးတည်းသောသားကိုပူဇော်ရန် အသင့်ရှိပေသည်။-