``ဝတ်လုံတော်အမြိတ်ကိုမျှလက်နှင့်တို့ထိရလျှင် ငါ၏ရောဂါပျောက်လိမ့်မည်'' ဟုတစ်ကိုယ်တည်းပြော ဆိုလျက်ဝတ်လုံတော်အမြိတ်ကိုတို့ထိလေ၏။
ထိုနောက်ဖျားနာသူတို့အားကိုယ်တော်၏အဝတ် တော်အမြိတ်ကိုမျှတို့ထိနိုင်ခွင့်ပြုရန်တောင်းပန် ကြ၏။ ဤသို့တို့ထိရသူအပေါင်းတို့သည်လည်း ကျန်းမာသွားကြ၏။
ကိုယ်တော်သည်များစွာသောလူမမာတို့ကို ကျန်းမာစေတော်မူခဲ့သဖြင့် ရောဂါရှိသူ ဟူသမျှသည်ကိုယ်တော်ကိုတို့ထိခွင့်ရရန် အထံတော်သို့တိုးဝှေ့၍လာကြ၏။-
ကိုယ်တော်၏ထံတော်မှတန်ခိုးထွက်၍အနာ ရောဂါများကိုပျောက်ကင်းစေသောကြောင့် လူ ပရိသတ်အပေါင်းတို့သည်ကိုယ်တော်ကိုတို့ ထိနိုင်ရန်ကြိုးစားကြ၏။
လူတို့သည်ပေါလုကိုင်တွယ်အသုံးပြုသည့် ပဝါ၊ အဝတ်အထည်စသည်တို့ကိုပင်သူနာ များနှင့်နတ်မိစ္ဆာပူးဝင်သူများထံဆောင်ယူ သွားသဖြင့် သူနာတို့သည်ရောဂါများပျောက် ကင်း၍နတ်မိစ္ဆာတို့သည် မိမိတို့ပူးဝင်သူထံ မှထွက်ခွာသွားကြ၏။-