သခင်ယေရှုသည်မဿဲ၏အိမ်တွင်ညစာစား လျက်နေတော်မူသောအခါ အခွန်ခံသူများ နှင့်အခြားအပယ်ခံသူများသည်လည်းပါ ဝင်စားသောက်ကြ၏။-
ထိုအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``သင် တို့၏ဆရာသည်အဘယ်ကြောင့်ဤလူတန်းစား များနှင့်အတူထိုင်လျက်စားသောက်နေပါသနည်း'' ဟုတပည့်တော်တို့အားမေးမြန်းကြ၏။
သခင်ယေရှုသည်ထိုအရပ်မှထွက်၍ကြွ သွားတော်မူစဉ် အကောက်ခွန်ရုံးခန်းတွင်ထိုင် လျက်နေသောမဿဲဆိုသူလူတစ်ယောက်ကို မြင်တော်မူ၏။ ကိုယ်တော်က ``ငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူလျှင်ထိုသူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-