Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 8:6

Common Language Bible

``အ​ရှင်၊ အ​ကျွန်ုပ်​၏​အ​စေ​ခံ​တစ်​ယောက်​သည်​ပြင်း စွာ​သော​ဝေ​ဒ​နာ​ဖြင့်​အိမ်​တွင်​လဲ​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-

ကိုယ်​တော်​က ``ငါ​လာ​၍​သူ့​ရော​ဂါ​ကို​ပျောက်​ကင်း စေ​မည်'' ဟု​မိန့်​တော်​မူ​လျှင်၊

ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ထို​ကောင်း​ကင်​တ​မန်​ထွက်​ခွာ​သွား​သော​အ​ခါ ကော်​နေ​လိ​သည် မိ​မိ​၏​အ​စေ​ခံ​နှစ်​ယောက်​နှင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော​အ​ပါး​တော်​မြဲ စစ်​သား​တစ်​ယောက်​ကို​ခေါ်​ကာ၊-

နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ထဲ​မှ နတ်​မိစ္ဆာ​များ​သည် အ​သံ​ကျယ်​စွာ​ဟစ်​အော် လျက်​ထွက်​ခွာ​သွား​ကြ​၏။ လေ​ဖြတ်​သူ၊ ခြေ လက်​မ​စွမ်း​မ​သန်​သူ​များ​သည်​လည်း​ရော​ဂါ ပျောက်​သွား​ကြ​၏။-

ထို​မြို့​တွင်​လေ​ဖြတ်​သ​ဖြင့်​ရှစ်​နှစ်​ပတ်​လုံး အိပ်​ရာ​ပေါ်​မှာ​တုံး​လုံး​လဲ​နေ​သူ​အဲ​နေ နာ​မည်​ရှိ​သော​လူ​တစ်​ယောက်​ကို​တွေ့​၏။-

သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။

သ​ခင်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​လည်း​ကောင်း​ကင် ဘုံ​တွင်​ရှိ​တော်​မူ​သော​သ​ခင်​၏​ကျွန်​များ​ဖြစ် ကြောင်း​ကို​သိ​မှတ်​လျက် မိ​မိ​တို့​၏​ကျွန်​များ ကို​တရား​မျှ​တ​စွာ​ဆက်​ဆံ​ကြ​လော့။

သ​ခင်​များ​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လျှင် သူ​တို့​သည်​ညီ​အစ်​ကို​များ​ပင်​ဖြစ်​ကြ​သည် ဟု​ဆို​ကာ​မ​လေး​မ​ခန့်​မ​ပြု​ရ။ မိ​မိ​တို့ ၏​အ​စေ​ခံ​မှု​ကြောင့်​အ​ကျိုး​ခံ​စား​ရ​သူ တို့​မှာ မိ​မိ​တို့​ချစ်​မြတ်​နိုး​သော​ယုံ​ကြည် သူ​များ​ဖြစ်​သော​ကြောင့် သူ​တို့​၏​အ​စေ ကို​ပို​၍​ခံ​ရ​ကြ​ပေ​မည်။ သင်​ဆုံး​မ​သြ​ဝါ​ဒ​ပေး​ရာ​တွင်​ဤ​အ​ရာ များ​ကို​ဖော်​ပြ​ရ​မည်။-

ယ​ခု​အ​ခါ​သူ​သည်​ကျွန်​မျှ​သာ​မ​ဟုတ်​တော့​ဘဲ ခ​ရစ်​တော်​၌​ချစ်​သော​ညီ​အစ်​ကို​ဖြစ်​လာ​ပေ​ပြီ။ သူ​သည်​ငါ​၏​အ​တွက်​အ​လွန်​တန်​ဖိုး​ရှိ​ပေ​သည်။ သို့​ရာ​တွင်​သင်​၏​အ​တွက်​ကျွန်​အ​နေ​နှင့်​လည်း ကောင်း၊ သ​ခင်​ဘု​ရား​၌​ညီ​အစ်​ကို​အ​နေ​နှင့် လည်း​ကောင်း​များ​စွာ​ပို​၍​ပင်​တန်​ဖိုး​ရှိ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ