Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 8:31

Common Language Bible

နတ်​မိစ္ဆာ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို​နှင်​ထုတ်​မည် ဆို​ပါ​က​အ​ကျွန်ုပ်​တို့​အား​ထို​ဝက်​များ​ကို​ပူး​ဝင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-

``မွန်​မြတ်​သော​အ​ရာ​ကို​ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည်​လှည့်​၍​သင်​တို့​အား​ကိုက် လိမ့်​မည်။ ပု​လဲ​ရ​တ​နာ​များ​ကို​ဝက်​တို့​ရှေ့​မှာ မ​ချ​ထား​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည် ထို အ​ရာ​တို့​ကို​ကျော်​နင်း​သွား​ကြ​လိမ့်​မည်။

ထို​သူ​တို့​နှင့်​အ​နည်း​ငယ်​မျှ​ဝေး​သော​နေ​ရာ​တွင် ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​အ​စာ​စား​လျက်​ရှိ​၏။-

ကိုယ်​တော်​က​လည်း ``သွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​တို့​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဝက်​များ ကို​ပူး​ဝင်​ကြ​သ​ဖြင့်​ဝက်​အုပ်​တစ်​အုပ်​လုံး​ပင် ချောက် ကမ်း​ပါး​အ​တိုင်း​ပြေး​ဆင်း​ကာ​အိုင်​ထဲ​တွင်​နစ်​မြုပ် သေ​ဆုံး​ကြ​၏။

ညစ်​ညမ်း​သော​နတ်​များ​က ``အ​ကျွန်ုပ်​တို့​အား ထို ဝက်​များ​ကို​ပူး​ဝင်​ရန်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု တောင်း​ပန်​ကြ​၏။-

သို့​ဖြစ်​၍​အ​ချင်း​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် သား​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကုန်း​မြေ နှင့်​ပင်​လယ်​တို့​အ​တွက်​အ​မင်္ဂလာ​ဖြစ်​ပါ​သည် တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော်​နတ်​မိစ္ဆာ​ဘု​ရင် သည် မိ​မိ​၏​နေ့​ရက်​ကာ​လ​အ​နည်း​ငယ်​သာ ကျန်​ရှိ​သည်​ကို​သိ​သ​ဖြင့်​ပြင်း​စွာ​အ​မျက် ထွက်​လျက် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​ပြီ ဖြစ်​သော​ကြောင့်​တည်း'' ဟု​ပြော​သည်​ကို ငါ​ကြား​ရ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ