Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 8:22

Common Language Bible

သို့​သော်​ကိုယ်​တော်​က ``သင်​သည်​ငါ​နောက်​ကို လိုက်​လော့။ သူ​သေ​တို့​အား​သူ​သေ​တို့​ပင်​သင်္ဂြိုဟ် ကြ​ပါ​လေ​စေ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​မိ​မိ​၏​နွား​များ​ကို ထား​ခဲ့​၍ ဧ​လိ​ယ​၏​နောက်​သို့​လိုက်​ပြီး လျှင်``အ​ကျွန်ုပ်​၏​မိ​ဘ​ထံ​သို့​သွား​၍​နှုတ် ဆက်​ခွင့်​ပြု​ပါ။ ထို့​နောက်​အ​ရှင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြော​၏။ ဧ​လိ​ယ​က``ကောင်း​ပြီ၊ သွား​လော့။ သင့်​အား ငါ​မ​ဆီး​တား​ပါ'' ဟု​ဆို​၏။

အ​ခြား​တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်၊ အ​ကျွန်ုပ် အား​အ​ဖ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန်​ခွင့်​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​၏။

သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​၍​ကြွ သွား​တော်​မူ​စဉ် အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​ထိုင် လျက်​နေ​သော​မ​ဿဲ​ဆို​သူ​လူ​တစ်​ယောက်​ကို မြင်​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​လျှင်​ထို​သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

ကိုယ်​တော်​သည်​ဆက်​လက်​၍​လျှောက်​သွား​တော်​မူ ပြန်​သော​အ​ခါ အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​အာ​လ​ဖဲ ၏​သား​လေ​ဝိ​ထိုင်​နေ​သည်​ကို​မြင်​တော်​မူ​၏။ သူ့ ကို​ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့် တော်​မူ​လျှင်​သူ​သည်​ထ​၍​နောက်​တော်​သို့​လိုက် လေ​၏။

ငါ့​သား​သည်​ယ​ခင်​က​သေ​သော်​လည်း​ယ​ခု ပြန်​၍​အ​သက်​ရှင်​လာ​ပြီ။ ယ​ခင်​က​ပျောက်​ဆုံး သော်​လည်း​ယ​ခု​ပြန်​၍​တွေ့​ပြီ' ဟု​မိ​မိ​၏​လုပ် သား​တို့​အား​ဆို​၏။ ထို​နောက်​သူ​တို့​သည်​ပျော် ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ကုန်​၏။

သင့်​ညီ​သည်​ယ​ခင်​က​သေ​သော်​လည်း ယ​ခု​ပြန်​၍ အ​သက်​ရှင်​လာ​၏။ ယ​ခင်​က​သူ့​ကို​ပျောက်​ဆုံး​ခဲ့ သော်​လည်း ယ​ခု​ပြန်​၍​တွေ့​ရ​၏။ သို့​ဖြစ်​၍​ငါ​တို့ သည်​ဝမ်း​မြောက်​လျက်​ပျော်​ပွဲ​ကို​ဆင်​နွှဲ​ရ​ကြ ၏' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

ကိုယ်​တော်​သည်​အ​ခြား​လူ​တစ်​ယောက်​အား ``ငါ့ နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​က ``အ​ကျွန်ုပ်​အ​ဖ​၏​အ​လောင်း ကို​ဦး​စွာ​သွား​၍​သင်္ဂြိုဟ်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု လျှောက်​၏။

ကိုယ်​တော်​က ``လူ​သေ​တို့​သည်​အ​ချင်း​ချင်း သင်္ဂြိုဟ်​ကြ​ပါ​စေ။ သင်​မူ​ကား​သွား​၍​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ဟော​ပြော လော့'' ဟု​မိန့်​တော်​မူ​၏။

နောက်​တစ်​နေ့​၌​ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည် သို့​ကြွ​တော်​မူ​ရန် စိတ်​ပိုင်း​ဖြတ်​တော်​မူ​၏။ ဖိ​လိပ္ပု ကို​တွေ့​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော် မူ​၏။-

(ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ပေ​တ​ရု​သည်​အ​ဘယ် သို့​သော​သေ​ခြင်း​မျိုး​ဖြင့်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့် အ​ကြောင်း​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။) ဤ သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက်​ပေ​တ​ရု​အား ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``ငါ​ကြွ​လာ​သည်​တိုင်​အောင် သူ့​အား​အ​သက်​ရှင်​စေ​ရန်​ငါ​အ​လို​ရှိ​လျှင် သင်​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။

အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မ​နာ​ခံ​မှု​နှင့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် ဝိ​ညာဉ်​ရေး​အ​ရ​သေ လျက်​ရှိ​နေ​ခဲ့​ကြ​၏။-

ငါ​တို့​အား​မ​နာ​ခံ​မှု​အား​ဖြင့်​ဝိ​ညာဉ်​ရေး အ​ရ​သေ​လျက်​ရှိ​နေ​ရာ​မှ ခ​ရစ်​တော်​နှင့်​အ​တူ ရှင်​ပြန်​စေ​တော်​မူ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​သာ​လျှင် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​ပေ​သည်။-

အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ပေါ်​လွင်​ထင်​ရှား​စေ​သော ကြောင့်​ဖြစ်​၏။ ဤ​အ​ကြောင်း​ကြောင့်​ကျမ်း​စာ တော်​တွင်၊ ``အိပ်​ပျော်​သူ၊ ထ​လော့။ သေ​ခြင်း​မှ​ထြေမာက်​လော့။ ခ​ရစ်​တော်​သည်​သင့်​အ​ပေါ်​သို့ ထွန်း​လင်း​တော်​မူ​လိမ့်​မည်'' ဟု​ပါ​ရှိ​သ​တည်း။

သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​ကူး သူ​များ​ဖြစ်​ကြ​သော​ကြောင့်​လည်း​ကောင်း၊ ပ​ညတ် တ​ရား​မ​ခံ​ယူ​သော​လူ​မျိုး​ခြား​ဖြစ်​သော ကြောင့်​လည်း​ကောင်း ဝိ​ညာဉ်​ရေး​အ​ရ​သေ​သူ များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင် စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏ အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​၍၊-

သို့​ရာ​တွင်​အ​ပျော်​အ​ပါး​မက်​သော​မု​ဆိုး မ​မူ​ကား အ​သက်​ရှင်​လျက်​ပင်​ရှိ​သော်​လည်း အ​သေ​ကဲ့​သို့​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ