Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 6:20

Common Language Bible

သံ​ချေး​ပိုး​ရွ​မ​ဖျက်​မ​ဆီး၊ သူ​ခိုး​ဋ္ဌား​ပြ​မ​ထွင်း မ​ဖောက်​မ​ခိုး​မ​ယူ​နိုင်​သော​ဘဏ္ဍာ​ကို​ကောင်း​ကင်​ဘုံ ၌​စု​ဆောင်း​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြံ့​ခိုင် တည်​ငြိမ်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​စဉ်​အ​မြဲ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍၊ ဉာဏ်​ပ​ညာ နှင့်​အ​သိ​ပ​ညာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ တို့​၏​အ​ဖိုး​အ​ထိုက်​ဆုံး​ဘဏ္ဍာ​ကား​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​ပင်​ဖြစ် သ​တည်း။

သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​လို​လျှင်​သွား​လော့၊ သင့်​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​ပြီး လျှင်​ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ သို့​ပြု​လျှင်​သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ လိမ့်​မည်။ ထို​သို့​စွန့်​ကြဲ​ပြီး​မှ​ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​၏။

``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။-

သ​ခင်​ယေ​ရှု​သည်​ထို​သူ​ကို​မေတ္တာ​ဖြင့်​စေ့​စေ့​ကြည့် လျက် ``သင့်​မှာ​လို​နေ​သော​အ​ရာ​တစ်​ခု​ရှိ​သေး​၏။ သွား​လော့။ သင်​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​စွန့်​ကြဲ​ပြီး​မှ​လာ​၍​ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-

သင်​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း ၍ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​မြေ့​နိုင်​သည့်​ပိုက်​ဆံ​အိတ်​များ​ကို ဆောင်​ကြ​လော့။ သူ​ခိုး​မ​ကပ်၊ ပိုး​မ​ဖျက်​ဆီး ရာ​ကောင်း​ကင်​ဘုံ​၌ ကုန်​ခန်း​ခြင်း​မ​ရှိ​နိုင် သည့်​ဘဏ္ဍာ​ကို​ဆည်း​ပူး​ကြ​လော့။-

ထို​စ​ကား​ကို​ကြား​တော်​မူ​လျှင်​သ​ခင်​ယေ​ရှု က ``သင်​သည်​ပြု​လုပ်​ရန်​တစ်​ခု​လို​သေး​၏။ သင့် ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ​သူ​တို့​အား ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင်​သင်​သည် ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့ စွန့်​ကြဲ​ပြီး​နောက်​ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-

လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။-

ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​အ​နာ​ဂတ် အ​တွက်​ခိုင်​ခံ့​သည့်​အုတ်​မြစ်​တည်း​ဟူ​သော ဘဏ္ဍာ​ကို​စု​ဆောင်း​ရာ​ရောက်​၍ စစ်​မှန်​သော အ​သက်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။

သင်​တို့​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​တို့​အ​တွက် ကြောင့် ကြင်​နာ​သော​စိတ်​ရှိ​ကြ​၏။ မိ​မိ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ သည်​ကို​လည်း​ဝမ်း​မြောက်​စွာ​ခံ​ကြ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​မိ​မိ​တို့​၌​ထို​အ​ရာ​များ ထက်​ပို​၍ ကောင်း​မြတ်​တည်​မြဲ​သည့်​အ​ရာ ရှိ​ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ပင်​ဖြစ် ပေ​သည်။-

မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။

ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု တော်​အ​တွက် ဘု​ရား​သ​ခင်​လျာ​ထား​တော် မူ​သော​ကောင်း​ချီး​မင်္ဂလာ​များ​ကို​ခံ​စား​နိုင် ရန်​မျှော်​မှန်း​ကြ​ပေ​သည်။ ကိုယ်​တော်​သည် ထို​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ကောင်း​ကင် ဘုံ​တွင် သင်​တို့​အ​ဖို့​လျာ​ထား​တော်​မူ​၏။ ယင်း​တို့​သည်​ယို​ယွင်း​ပျက်​စီး​မှေး​မှိန်​၍ မ​သွား​နိုင်။-

သင်​တို့​သည်​သိုး​ထိန်း​ချုပ်​ကြီး​ပေါ်​ထွန်း​တော် မူ​သော​အ​ခါ​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သော၊ အ​ဘယ်​အ​ခါ​၌​မျှ​အ​ရောင်​အ​ဝါ​မ​မှေး မှိန်​နိုင်​သော​သ​ရ​ဖူ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။

သင်​သည်​အ​ဘယ်​မျှ​ဆင်း​ရဲ​၍​အ​ဘယ်​မျှ​ဒုက္ခ ရောက်​သည်​ကို​ငါ​သိ​၏။ သို့​ရာ​တွင်​အ​မှန်​စင်​စစ် သင်​သည်​ကြွယ်​ဝ​သူ​ဖြစ်​၏။ မိ​မိ​တို့​ကိုယ်​ကို ဟေ​ဗြဲ​အ​မျိုး​သား​များ​ဟု​ဆို​ကြ​သော​သူ​တို့ သည်​သင့်​အား​အ​သ​ရေ​ပျက်​စေ​သည့်​စ​ကား များ​ကို​ပြော​ဆို​ကြ​ကြောင်း​ငါ​သိ​၏။ သူ​တို့ သည်​စင်​စစ်​အား​ဖြင့်​ဟေ​ဗြဲ​အ​မျိုး​သား​များ မ​ဟုတ်။ စာ​တန်​၏​အ​ဖွဲ့​ဝင်​များ​ဖြစ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ