သို့ရာတွင်သင်တို့သည်သူတစ်ပါးတို့ပြစ်မှား သည့်အပြစ်များကိုမဖြေမလွှတ်ကြလျှင်မူ ကား သင်တို့အဖသည်လည်းသင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်။
ထိုနောက်သခင်ယေရှုကသင်တို့သည်ညီအစ်ကို အချင်းချင်းတစ်ယောက်၏အပြစ်ကိုတစ်ယောက် အမှန်တကယ်မဖြေမလွှတ်လျှင် ကောင်းကင်ဘုံ ရှင်ငါ၏အဖသည်လည်းသင်တို့၏အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
``သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အား သနားကြင်နာတော်မူလတ္တံ့။
``သင်တို့သည်သူတစ်ပါးတို့ပြစ်မှားသည့်အပြစ် များကိုဖြေလွှတ်ပါလျှင် ကောင်းကင်ဘုံရှင်သင်တို့ ၏အဖသည်လည်းသင်တို့၏အပြစ်များကို ဖြေလွှတ်တော်မူလိမ့်မည်။-
(သင်တို့သည်သူတစ်ပါး၏အပြစ်များကို မဖြေလွှတ်လျှင် ကောင်းကင်ဘုံတွင်ရှိတော်မူ သောသင်တို့အဖသည်သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်)'' ဟုတပည့် တော်တို့အားပြန်လည်မိန့်ကြားတော်မူ၏။