Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 6:11

Common Language Bible

ယ​နေ့​အ​တွက်​လို​အပ်​သော​အ​စား​အ​စာ​ကို၊ အ​ကျွန်ုပ်​တို့​အား​ပေး​သ​နား​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။

ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။

အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။

သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။

သို့​ရာ​တွင်​ကိုယ်​တော်​က ``လူ​သည်​အ​စား​အ​စာ အား​ဖြင့်​သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​နှုတ်​တော်​ထွက်​စ​ကား​ရှိ​သ​မျှ​အား ဖြင့်​အ​သက်​ရှင်​ရ​မည်​ဟု​ကျမ်း​စာ​လာ​၏'' ဟူ ၍​မိန့်​တော်​မူ​၏။

လို​အပ်​သော​အ​စား​အ​စာ​ကို​အ​ကျွန်ုပ်​တို့​အား၊ နေ့​စဉ်​နေ့​တိုင်း​ပေး​သ​နား​တော်​မူ​ပါ။

ဤ​ကဲ့​သို့​သော​သူ​တို့​အား​ငြိမ်​ဝပ်​စွာ​နေ​ထိုင် ကာ​အ​လုပ်​ကို​လုပ်​၍​အ​သက်​မွေး​ဝမ်း​ကျောင်း ကြ​ရန် ငါ​တို့​သည်​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်​အ​မိန့်​ပေး ၍​တိုက်​တွန်း​၏။

သို့​ဖြစ်​၍​ငါ​တို့​တွင်​စား​စ​ရာ​ဝတ်​စ​ရာ​ရှိ လျှင်​ရောင့်​ရဲ​ကြ​ကုန်​အံ့။-

ကာ​လ​အ​တန်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ကောက်​ပဲ​သီး​နှံ​အ​ထွက်​များ​စေ​ခြင်း​အား ဖြင့် မိ​မိ​၏​လူ​စု​အား​ကောင်း​ချီး​ပေး​တော်​မူ ကြောင်း​သ​တင်း​ကို​နော​မိ​ကြား​ရ​လေ​သည်။ သို့ ဖြစ်​၍​သူ​သည်​မိ​မိ​၏​ချွေး​မ​များ​နှင့်​အ​တူ မော​ဘ​ပြည်​မှ​ထွက်​ခွာ​ရန်​အ​သင့်​ပြင်​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ