Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 5:7

Common Language Bible

``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

တော​ကန္တာ​ရ​၌​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​သည် အ​စာ​ရေ​စာ​ငတ်​မွတ်​လျက်၊ နွမ်း​နယ်​လျက် နေ​ကြ​မည်​ကို​သူ​တို့​သိ​သော​ကြောင့် ခွက် ဖ​လား​များ၊ မြေ​အိုး​များ၊ အိပ်​ရာ​များ၊ ဂျုံ ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်၊ ပဲ​တောင့်၊ ပဲ​ကြား၊ ပျား​ရည်၊ ဒိန်​ခဲ၊ မ​လိုင်​နှင့်​သိုး​များ ကို​ယူ​ဆောင်​လာ​ကြ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​သစ္စာ​ရှိ သူ​တို့​အား​သစ္စာ​စောင့်​တော်​မူ​၏။ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့​အား အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ​ကျေး​ဇူး​ပြု​တော်​မူ တတ်​၏။

သ​နား​ကြင်​နာ​တတ်​၍​က​ရု​ဏာ​နှင့်​ပြည့်​ဝ လျက် တ​ရား​မျှ​တ​သော​သူ​တော်​ကောင်း​တို့​အ​တွက် အ​မှောင်​ထဲ​၌​အ​လင်း​ရောင်​ပေါ်​ထွန်း​တတ်​၏။

သူ​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​ရက်​ရော​စွာ ပေး​ကမ်း​တတ်​၏။ သူ​သည်​အ​စဉ်​သ​နား​ကြင်​နာ​တတ်​၏။ သူ​သည်​တန်​ခိုး​ကြီး​၍​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သစ္စာ​ရှိ​သူ​တို့​အား သစ္စာ​စောင့်​တော်​မူ​၏။ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့ အား အ​ကြွင်း​မဲ့​ကျေး​ဇူး​ပြု​တော်​မူ​တတ်​ပါ​၏။

သူ​သည်​အ​စဉ်​ပင်​သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​ချေး​ငှား​တတ်​၏။ သူ​၏​သား​သ​မီး​များ​သည်​လည်း​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​ရ​ကြ​၏။

သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။

စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။

မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။

ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။

သူ​တော်​ကောင်း​တို့​သည်​သေ​ရ​ကြ​၏။ ထို​သူ​တို့ ယင်း​သို့​သေ​သည့်​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ နား​မ​လည်​ကြ။ ဂ​ရု​လည်း​မ​စိုက်​ကြ။ သို့​ရာ တွင်​သူ​တို့​သည်​သေ​သော​အ​ခါ​အ​တိ​ဒုက္ခ ကင်း​ငြိမ်း​ရာ​အရပ်​သို့​ရောက်​ရှိ​ကြ​လေ​သည်။-

ထို​ကြောင့်​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​ပေး သည့်​အ​ကြံ​ကို​နာ​ယူ​တော်​မူ​ပါ။ အ​ပြစ် ကူး​မှု​ကို​ရပ်​စဲ​၍​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​ပါ။ ဆင်း​ရဲ​သူ​တို့​အား​က​ရု ဏာ​ထား​တော်​မူ​ပါ။ ယင်း​သို့​ပြု​ပါ​လျှင် အ​ရှင်​သည်​စည်း​စိမ်​ချမ်း​သာ​တိုး​ပွား တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။

ဂေါ​မာ​တွင်​ဒု​တိ​ယ​က​လေး​တစ်​ယောက်​ဖွား မြင်​လေ​၏။ ထို​က​လေး​သည်​သ​မီး​မိန်း​က​လေး ဖြစ်​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ အား``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို နောင်​အ​ခါ​တွင် သ​နား​ကြင်​နာ​၍​အ​ပြစ် လွှတ်​မည်​မ​ဟုတ်​သော​ကြောင့်​ထို​သ​မီး ကို`မေ​တ္တာ​မဲ့' ဟု​နာ​မည်​မှည့်​လော့။-

သို့​ဖြစ်​၍​သင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ သား​ချင်း​တို့​အား``ဘု​ရား​သ​ခင်​၏​လူ​စု'' ဟူ​၍​လည်း​ကောင်း၊ ``ထာ​ဝ​ရ​ဘု​ရား​သ​နား ကြင်​နာ​သူ​များ'' ဟူ​၍​လည်း​ကောင်း​ကင်​ပွန်း တပ်​ခေါ်​ကြ​လော့။

ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ပြည်​တော်​တွင်​နေ ထိုင်​စေ​၍ သူ​တို့​အား​ကြီး​ပွား​တိုး​တက်​စေ​မည်။ ငါ​သည်``မေတ္တာ​မဲ့'' နာ​မည်​ခံ​သူ​တို့​ကို ချစ်​ခင်​မြတ်​နိုး​မည်။ ``ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်'' နာ​မည်​ခံ​သူ​တို့​ကို ငါ​က`သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သည်' ဟု မိန့်​တော်​မူ​၍ သူ​တို့​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင် ဖြစ်​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​သော​အ​ရာ​ကို ပြ​တော်​မူ​ပြီ။ ကိုယ်​တော်​အ​လို​ရှိ​တော်​မူ သော​အ​ရာ​ကို​ဖော်​ပြ​တော်​မူ​ခဲ့​ပြီ။ ကိုယ် တော်​အ​လို​ရှိ​သော​အ​ရာ​သည်​ကား​တ​ရား မျှ​တ​စွာ​ပြု​ကျင့်​ခြင်း၊ မေတ္တာ​က​ရု​ဏာ​ထား ရှိ​ခြင်း၊ စိတ်​နှိမ့်​ချ​စွာ​သင်​၏​ဘု​ရား​သ​ခင် နှင့်​အ​တူ​သွား​လာ​နေ​ထိုင်​ခြင်း​တို့​ဖြစ် သ​တည်း။

သင်​တို့​သည်​ရပ်​လျက်​ဆု​တောင်း​သော​အ​ခါ သူ တစ်​ပါး​တို့​၏​အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​ရ ကြ​မည်။ သို့​မှ​သာ​လျှင်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော် မူ​သော​သင်​တို့​အ​ဖ​သည် သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-

သင်​တို့​မူ​ကား​ရန်​သူ​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး ပြု​ကြ​လော့။ တစ်​စုံ​တစ်​ရာ​ကို​ပြန်​လည်​ရ​ရှိ​ရန် မ​မျှော်​လင့်​ဘဲ​ချေး​ငှား​ကြ​လော့။ ယင်း​သို့​ပြု​ပါ မူ​သင်​တို့​သည်​ကြီး​မြတ်​သော​ဆု​လာဘ်​ကို​ရ လျက်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​သား များ​ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​ရှင်​သည်​ကျေး​ဇူး မ​သိ​တတ်​သူ​များ၊ ဆိုး​ညစ်​သူ​များ​အား ကျေး​ဇူး​ပြု​တော်​မူ​၏။-

လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​သည်​အ​ခါ​တစ်​ပါး က​ဘု​ရား​သ​ခင်​၏​စ​ကား​တော်​ကို​မ​နာ​ခံ​ခဲ့ ကြ။ သို့​သော်​လည်း​ယ​ခု​အ​ခါ​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​သည်​မှာ ယု​ဒ အ​မျိုး​သား​တို့​သည်​ကိုယ်​တော်​၏​စ​ကား တော်​ကို​မ​နာ​ခံ​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-

သင်​တို့​စာ​ရေး​မေး​မြန်း​သည့်​အိမ်​ထောင်​မ​ပြု​ဘဲ နေ​ရေး​ကိစ္စ​နှင့်​ပတ်​သက်​၍​ငါ​ပြော​မည့်​စ​ကား သည် ငါ့​အား​သ​ခင်​ဘု​ရား​မိန့်​တော်​မူ​ချက်​အ​ရ ပြော​သော​စ​ကား​မ​ဟုတ်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား ၏​က​ရု​ဏာ​တော်​ကြောင့်​ယုံ​ကြည်​ထိုက်​သူ​တစ် ယောက်​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ဖော်​ပြ လိုက်​ပါ​သည်။

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​ရု​ဏာ​တော် နှင့်​အ​ညီ ငါ​တို့​အား​ဤ​အ​မှု​တော်​ဆောင် လုပ်​ငန်း​ကို​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ တို့​တွင်​စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ။-

သင်​တို့​သည်​တစ်​ဦး​ကို​တစ်ဦး​သ​နား​ချစ်​ခင်​ကြ လော့။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​ကြောင့်​သင်​တို့ အား​အ​ပြစ်​လွှတ်​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည် လည်း​တစ်​ဦး​နှင့်​တစ်​ဦး​အ​ပြစ်​လွှတ်​ကြ​လော့။

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​များ ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍ မိ​မိ ပိုင်​ဆိုင်​သူ​များ​ဖြစ်​ရန်​ရွေး​ချယ်​တော်​မူ​သ​ဖြင့် က​ရု​ဏာ​ပြ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ စိတ် နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း တို့​ကို​ဝတ်​ဆင်​ကြ​လော့။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။-

သို့​ဖြစ်​၍​ကူ​ညီ​ရန်​လို​အပ်​ချိန်​၌​က​ရု​ဏာ တော်​နှင့်​ကျေး​ဇူး​တော်​ကို​ခံ​စား​ခြင်း​ငှာ ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ကျေး​ဇူး​တော် ရှိ​ရာ​ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​သို့​တိုး​ဝင် ချဉ်း​ကပ်​ကြ​စို့။

ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု​မ​ရှိ သော​အ​ရှင်​မ​ဟုတ်။ သင်​တို့​ဆောင်​ရွက်​ခဲ့ သည့်​အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ် တော်​အား​ချစ်​ကြောင်း​သက်​သေ​ပြ​ရန်​ယ​ခင် အ​ခါ​မှ ယ​ခု​အ​ခါ​တိုင်​အောင်​ခ​ရစ်​ယာန် အ​ချင်း​ချင်း​အား​ကူ​ညီ​မ​စ​ကြ​သည်​ကို လည်း​ကောင်း​မေ့​လျော့​တော်​မူ​မည်​မ​ဟုတ်။-

ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။

သို့​သော်​အ​ထက်​မှ​သက်​ရောက်​သည့်​ပ​ညာ သည်​ကား​ပ​ထ​မ​အ​နေ​ဖြင့်​စင်​ကြယ်​၏။ ထို နောက်​ငြိမ်း​ချမ်း​သာ​ယာ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု၊ ခင်​မင်​မှု​တို့​ကို​ပြု​စု​တတ်​၏။ ယင်း​သည်​က​ရု ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​၍​ကောင်း​မြတ်​သည့် အ​ကျင့်​များ​တည်း​ဟူ​သော​အ​သီး​အ​ပွင့်​တို့ ကို​ဖြစ်​ပွား​စေ​တတ်​၏။ ထို့​အ​ပြင်​မျက်​နှာ မ​လိုက်​တတ်။ ဟန်​ဆောင်​မှု​နှင့်​ကင်း​၏။-

အ​ခါ​တစ်​ပါး​က​ဘု​ရား​သ​ခင်​၏​လူ​စု​တော် မ​ဟုတ်​သူ​သင်​တို့​သည်​ယ​ခု​အ​ခါ​ကိုယ်​တော် ၏​လူ​စု​တော်​ဖြစ်​ကြ​ပြီ။ အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​မ​သိ​ရ​ကြ။ ယ​ခု​မှာ​မူ​ကိုယ်​တော်​၏ က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ