Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 5:39

Common Language Bible

သို့​ရာ​တွင်​သင့်​အား​ပြစ်​မှား​သူ​ကို​လက်​စား​မ​ချေ နှင့်​ဟု​ငါ​ဆို​၏။ သင်​၏​လက်​ယာ​ပါး​ကို​ရိုက်​သူ အား​အ​ခြား​ပါး​တစ်​ဖက်​လည်း​ရိုက်​စေ​ဦး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဇေ​ဒ​ကိ​သည်​မိက္ခာ​အ​နီး​သို့​ချဉ်း​ကပ်​၍ ပါး​ကို​ရိုက်​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ် တော်​သည်​သင့်​အား​မိန့်​မြွက်​တော်​မူ​ရန်​အ​ဘယ် အ​ခါ​က ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ သ​နည်း'' ဟု​ဆို​၏။

သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ၏။

ငါသည်ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရ ဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူ လိမ့်မည်။

သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့်။

ငါ​သည်​မိ​မိ​ကို​ရိုက်​နှက်​သူ​တို့​အား​ကျော​ခင်း ၍ ပေး​ပါ​၏။ ငါ​၏​မုတ်​ဆိတ်​မွေး​တို့​ကို​ဆွဲ​နုတ်​ပြီး​လျှင် ငါ​၏​မျက်​နှာ​ကို​တံ​တွေး​နှင့်​ထွေး​၍၊ ငါ့​ကို​သူ​တို့​စော်​ကား​ကြ​သော​အ​ခါ​ငါ​သည် သူ​တို့​အား​ဆီး​တား​မှု​ကို​မ​ပြု။

ရိုက်​နှက်​စော်​ကား​မှု​ကို​ခံ​ရ​သော်​လည်း နား​လည်​လက်​ခံ​သင့်​ကြ​၏။

သူ​တစ်​ပါး​အား​လက်​စား​မ​ချေ​ရ။ ရန်​ငြိုး မ​ထား​ရ။ အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။

``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​၏​တပ်​များ ကို​စု​ရုံး​စေ​ကြ​လော့၊ ငါ​တို့​ကို​ရန်​သူ​များ ဝိုင်း​ထား​ကြ​ပြီ။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ပစ်​ရန်​ကြိုး​စား​ကြ​၏။

သင်​၏​အ​တွင်း​အင်္ကျီ​ကို​ယူ​လို​၍​တ​ရား​တွေ့​သော သူ​အား​သင်​၏​ဝတ်​လုံ​ကို​လည်း​ယူ​ခွင့်​ပြု​လော့။-

မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ``အ​ရှင့်​အား​မည် သူ​ရိုက်​ပုတ်​သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို ကြ​၏။-

ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ကိုယ်​တော်​ကို​စွပ်​စွဲ​ရန်​အ​ကြောင်း​ရှာ​လို​သ​ဖြင့် ဥ​ပုသ်​နေ့​၌​ထို​သူ​၏​ရော​ဂါ​ကို​ကိုယ်​တော် ပျောက်​ကင်း​စေ​တော်​မူ​မည်​မ​မူ​မည်​ကို​စောင့် ကြည့်​နေ​ကြ​၏။-

သ​ခင်​ယေ​ရှု​က ``ငါ​၏​စ​ကား​မ​မှန်​လျှင်​မ​မှန် ကြောင်း​ကို​ထောက်​ပြ​ပါ။ မှန်​လျှင်​မူ​ကား​အ​ဘယ် ကြောင့်​ငါ့​ကို​ရိုက်​ပုတ်​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

ဤ​သို့​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ခြင်း​သည် သင် တို့​၏​အ​တွက်​ဆုံး​ရှုံး​မှု​ဖြစ်​စေ​၏။ တ​ရား​စွဲ​ဆို မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​ခံ​သည်​က​ပို ၍​မ​ကောင်း​ပါ​လော။ လု​ယက်​ခြင်း​ခံ​ရ​သည် က​ပို​၍​မ​ကောင်း​ပါ​လော။-

အ​ဘယ်​သူ​မျှ​ရန်​တုံ့​မ​မူ​စေ​နှင့်။ အ​ချင်း​ချင်း တို့​၏​ကောင်း​ကျိုး​နှင့်​လူ​ခပ်​သိမ်း​တို့​၏​ကောင်း ကျိုး​ကို အ​စဉ်​အ​မြဲ​ရှာ​ရန်​ကြိုး​စား​အား ထုတ်​လော့။

သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဆိုင်​ပြိုင် တိုက်​ခိုက်​ကြ​ရာ​တွင် ယ​ခု​အ​ချိန်​အ​ထိ သေ​ဘေး​နှင့်​ရင်​မ​ဆိုင်​ကြ​ရ​သေး​ပေ။-

အ​ပြစ်​ကင်း​သူ​များ​ကို​သေ​ဒဏ်​ပေး​၍ သတ်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည် သင်​တို့​အား​မ​ခု​ခံ​ကြ။

အ​ဆိုး​ကို​အ​ဆိုး​အား​ဖြင့်​လည်း​ကောင်း၊ ကျိန် ဆဲ​ခြင်း​ကို​ကျိန်​ဆဲ​ခြင်း​အား​ဖြင့်​လည်း​ကောင်း တုံ့​ပြန်​ခြင်း​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့် အ​စား​ကောင်း​ချီး​ပေး​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​စေ​ရန် သင်​တို့ အား​ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့ သော​ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ