Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 5:32

Common Language Bible

သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဇ​နီး အား​အ​ကျင့်​ဖောက်​ပြား​မှု​မ​ရှိ​ဘဲ​ကွာ​ရှင်း​၍ ထို အ​မျိုး​သ​မီး​က​လည်း​နောက်​အိမ်​ထောင်​ပြု​သည် ဆို​ပါ​မူ ထို​သူ​သည်​မိ​မိ​၏​ဇ​နီး​အား​မျောက်​မ ထား​စေ​ရာ​ရောက်​၏။ ထို​အ​မျိုး​သ​မီး​နှင့်​အိမ် ထောင်​ပြု​သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ ကို​ပြစ်​မှား​ရာ​ရောက်​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​၏​အ​ကျင့်​ပျက်​မှု​သည် မိ​မိ​နှင့် မ​ဆိုင်​သ​ကဲ့​သို့​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ လေ​သည်။ သူ​သည်​ကျောက်​တုံး​များ၊ သစ်​ပင် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​မှား ယွင်း​လေ​၏။-

သို့​ရာ​တွင်​တပ်​မက်​သော​စိတ်​ဖြင့်​အ​မျိုး​သ​မီး တစ်​ဦး​ကို​ကြည့်​သူ​သည် မိ​မိ​၏​စိတ်​တွင်​ထို​အ​မျိုး သ​မီး​ကို​ပြစ်​မှား​ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​၏။-

``မိ​မိ​၏​ဇ​နီး​ကို​ကွာ​၍​အ​ခြား​အ​မျိုး​သ​မီး တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော​သူ​သည်​လည်း သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။ ကွာ​ရှင်း​ထား သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​သော သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။

လူ​နှစ်​ယောက်​တို့​သည်​ရုတ်​တ​ရက်​ပေါ်​လာ​၍ ကိုယ်​တော်​နှင့်​စ​ကား​ပြော​လျက်​နေ​၏။ ထို​သူ တို့​သည်​ကား​မော​ရှေ​နှင့်​ဧ​လိ​ယ​ဖြစ်​ကြ​၏။-

မိုး​တိမ်​တိုက်​သူ​တို့​အ​ပေါ်​သို့​ရောက်​လာ​သော အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။ မိုး​တိမ် ထဲ​က ``ဤ​သူ​ကား​ငါ​၏​သား​တော်​ဖြစ်​၏။ သူ့ အား​ငါ​ရွေး​ကောက်​တော်​မူ​ပြီ။ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။

သို့​ဖြစ်​၍​သူ​သည်​မိ​မိ​ခင်​ပွန်း​အ​သက်​ရှင်​လျက် ရှိ​စဉ်​အ​ခြား​လူ​တစ်​ယောက်​နှင့်​ပေါင်း​သင်း​နေ ထိုင်​ပါ​မူ မျောက်​မ​ထား​သူ​ဟု​အ​ခေါ်​ခံ​ရ​မည် ဖြစ်​သော်​လည်း ခင်​ပွန်း​သေ​ဆုံး​လျှင်​မူ​ကား တ​ရား​ဥ​ပ​ဒေ​နှင့်​ကင်း​လွတ်​သွား​ပြီ​ဖြစ်​၍ အ​ခြား​လူ​တစ်​ယောက်​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် မျောက်​မ​ထား​သူ​မ​ဖြစ်​တော့​ပေ။-

မ​ယား​သည်​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်။ လင်​သာ လျှင်​ပိုင်​၏။ ထို​နည်း​တူ​လင်​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​မ​ပိုင်။ မ​ယား​သာ​လျှင်​ပိုင်​၏။-

အ​ကယ်​၍​ထို​မိန်းမ​သည် အ​ခြား​ယောကျာ်း တစ်​ဦး​နှင့်​နောက်​ထပ်​အိမ်​ထောင်​ပြု​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ