မဿဲ 5:19Common Language Bibleအသေးငယ်ဆုံးသောပညတ်ကိုကူးလွန်၍ သူတစ်ပါးတို့ကူးလွန်ရန်ကိုလည်းဟောပြော သွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်အသိမ် ငယ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင်ပညတ်တော် များကိုလိုက်နာကျင့်သုံး၍ သူတစ်ပါးတို့လိုက်နာ ကျင့်သုံးရန်ကိုလည်းဟောပြောသွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်ကြီးမြတ်သူဖြစ်လိမ့် မည်။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
``ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်ပင်စိမ်းရွက်၊ လူရွက်နှင့်အခြား ဆေးဖက်ဝင်အရွက်အမျိုးမျိုးကိုဆယ်ဖို့ တစ်ဖို့ပေးလှူကြသော်လည်းတရားမျှတ မှုနှင့်ဘုရားသခင်အားကြည်ညိုမှုတို့ကို လျစ်လူရှုကြသည်။ သင်တို့သည်ဆယ်ဖို့ တစ်ဖို့ပေးလှူခြင်းကိုတရားမျှတမှုနှင့် ဘုရားသခင်အားကြည်ညိုမှုတို့ကိုပါ ကျင့်သုံးသင့်၏။''
အို သော်ဖိလု၊ သခင်ယေရှုသည်အမှုတော်ကိုစတင်ဆောင်ရွက် သည့်နေ့မှအစပြု၍ ကောင်းကင်ဘုံသို့ဆောင် ယူခြင်းကိုခံတော်မူသည့်နေ့တိုင်အောင် ပြုမူ သွန်သင်တော်မူသမျှတို့ကိုကျွန်ုပ်၏ပထမ စာစောင်တွင်ရေးသားဖော်ပြခဲ့ပါပြီ။ ကိုယ် တော်သည်ကောင်းကင်ဘုံသို့ဆောင်ယူခြင်း ကိုခံတော်မမူမီ ရွေးကောက်ထားတော် မူသောတမန်တော်တို့အား သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်ညွှန်ကြား တော်မူ၏။-
သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-