Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 5:15

Common Language Bible

ဆီ​မီး​ကို​ထွန်း​ညှိ​၍​တင်း​တောင်း​ဖြင့်​အုပ်​၍​မ ထား​တတ်​ကြ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့ အ​လင်း​ရောင်​ရ​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဆီ​မီး​ခုံ​အ​တွက်​မီး​ခွက်​ခု​နစ်​လုံး​ကို​ပြု​လုပ် လော့။ ထို​မီး​ခွက်​များ​မှ​ရှေ့​သို့​အ​လင်း​ရောင် ထွက်​လာ​စေ​ရန်​စီ​မံ​လော့။-

``အ​ဘယ်​အ​ရာ​ကို​သင်​မြင်​ပါ​သ​နည်း'' ဟု​မေး​၏။ ငါ​က​လည်း``ရွှေ​မီး​တင်​ခုံ​တစ်​ခု ကို​မြင်​ပါ​သည်။ မီး​တင်​ခုံ​တိုင်​ထိပ်​တွင်​ဆီ ခွက်​တစ်​ခု​ရှိ​ပါ​သည်။ မီး​တင်​ခုံ​ပေါ်​တွင် မီး​စာ​ခု​နစ်​စ​စီ​ရှိ​သော​မီး​ခွက်​ခု​နစ်​လုံး ရှိ​ပါ​သည်။-

``အာ​ရုန်​သည်​မီး​ခုံ​တိုင်​တွင်​မီး​ခွက်​ခု​နစ် လုံး​ကို​တင်​သော​အ​ခါ မီး​ခွက်​များ​မှ​အ​လင်း ရောင်​သည်​မီး​ခုံ​တိုင်​ရှေ့​သို့​ထွက်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

ကိုယ်​တော်​က ``ဆီ​မီး​ကို​တောင်း​ဇ​လား​နှင့်​အုပ်​ထား ရန်​မ​ဟုတ်။ ခု​တင်​အောက်​တွင်​ထား​ရန်​လည်း​မ​ဟုတ်။ ဆီ​မီး​ခုံ​ပေါ်​မှာ​သာ​တင်​ထား​ရန်​မ​ဟုတ်​ပါ​လော။-

လူ​တို့​သည် ``ဆီ​မီး​ကို​ထွန်း​ညှိ​၍​ဖုံး​ကွယ်​ထား လေ့​မ​ရှိ။ တောင်း​ဖြင့်​လည်း​အုပ်​ထား​လေ့​မ​ရှိ။ အိမ်​ထဲ​သို့​ဝင်​လာ​သူ​များ​အ​လင်း​ရ​စေ​ရန် မီး​တင်​ခုံ​ပေါ်​မှာ​တင်​ထား​လေ့​ရှိ​၏။-

အ​ကယ်​၍​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​ကွက်​လုံး​ဝ​မ​ရှိ​ဘဲ​လင်း​လျက်​နေ​လျှင် ဆီ​မီး​သည်​တောက်​ပ​သော​အ​လင်း​ဖြင့်​သင့် အ​ပေါ်​၌​ထွန်း​လင်း​သ​ကဲ့​သို့ သင်​တို့​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​သည်​အ​လင်း​နှင့်​ပြည့်​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

``ဆီ​မီး​ကို​ထွန်း​ပြီး​လျှင်​တောင်း​ဖြင့်​အုပ်​ထား ခြင်း၊ ခု​တင်​အောက်​မှာ​ထား​ခြင်း​ကို​အ​ဘယ်​သူ မျှ​မ​ပြု​တတ်။ အ​ခန်း​ထဲ​သို့​ဝင်​လာ​သူ​များ အ​လင်း​ကို​မြင်​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။

သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဖောက်​ပြန်​၍​အ​ပြစ် ကူး​လွန်​သူ​များ​ရှိ​ရာ​ကမ္ဘာ​တွင် ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သား​သ​မီး​များ အ​နေ​ဖြင့် စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​အ​ပြစ် ကင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​တ​ရား​တော် ကို​ဟော​ပြော​ကာ ထို​သူ​တို့​အ​လယ်​တွင်​ကြယ် တာ​ရာ​များ​သ​ဖွယ်​ထွန်း​လင်း​တောက်​ပ​ရ​ကြ မည်။ ဤ​သို့​ပြု​ကြ​မည်​ဆို​ပါ​က​ငါ​အား​ထုတ် လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​မ​ဖြစ် သ​ဖြင့်​ခ​ရစ်​တော်​၏​နေ့​ရက်​၌​ငါ့​မှာ​ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။

လူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​သော အ​ပြင်​တဲ​တော်​အ​ဆောင်​ကို​တည်​ဆောက်​ကြ​၏။ ထို​တဲ​တွင်​မီး​တင်​ခုံ​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ဆက်​ကပ်​သော​မုန့်​နှင့်​စား​ပွဲ​ကို လည်း​ကောင်း​တွေ့​ရ​၏။-

သို့​ဖြစ်​၍​သင်​သည်​အ​ဘယ်​မျှ​လောက်​ကျ​ဆင်း လာ​သည်​ကို​ဆင်​ခြင်​လော့။ နောင်​တ​ရ​၍​အ​စ က​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ သို့ မ​ပြု​ပါ​မူ​သင်​ရှိ​ရာ​သို့​ငါ​လာ​ခဲ့​မည်။ သင် နောင်​တ​မ​ရ​လျှင်​သင်​၏​မီး​ခွက်​ကို​နေ​ရာ​မှ ငါ​ဖယ်​ရှား​ပစ်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ