Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 4:16

Common Language Bible

အ​မှောင်​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့​သည် အ​လင်း​ရောင်​ကြီး​ကို​မြင်​ရ​လေ​ပြီ။ သေ​မင်း​အ​ရိပ်​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​အ​ပေါ်​သို့ အ​လင်း​ရောင်​သက်​ရောက်​လိမ့်​မည်'' ဟု​ဟော​ကြား​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သေခြင်းအရပ်ဖြစ်စေသော ညဉ့်ကဲ့သို့တခဲနက်မိုက်သဖြင့်၊ အလင်းပင်မှောင်မိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်၊ မရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ် သား၍မရောက်မှီ၊ သက်သာခြင်း အနည်းငယ်ရှိပါမည် အကြောင်းနေတော်မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေ တော်မူပါဟု မြွတ်ဆို၏။

မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။

မတရားသဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစုံတခုမျှမရှိ။

သို့​ပါ​လျက်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​သား​ရဲ​များ​ရှိ​ရာ အ​ရပ်​တွင် ခို​ကိုး​ရာ​မဲ့​ထား​တော်​မူ​ခဲ့​ပါ​၏။ အ​မှောင်​ဆုံး​အ​ရပ်​တွင်​စွန့်​ပစ်​၍​ထား​တော် မူ​ခဲ့​ပါ​၏။

မြေ​ထဲ​ပင်​လယ်​မှ​သည်​အ​ရှေ့​သို့​လား​သော် ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​နှင့်​ဂါ​လိ​လဲ ပြည်​တိုင်​အောင် ရောက်​ရှိ​သည့်​ဇာ​ဗု​လုန်​နှင့် န​ဿ​လိ​သား​ချင်း​စု​တို့​၏​နယ်​မြေ​တည်း ဟူ​သော​လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​အ​ရပ် သည် ယ​ခင်​က​အ​သ​ရေ​ပျက်​ခဲ့​သော်​လည်း နောင်​အ​ခါ​၌​အ​သ​ရေ​ရှိ​လိမ့်​မည်။

အ​မှောင်​တွင်​သွား​လာ​နေ​သူ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို​မြင်​ရကြ​၏။ သူ​တို့​သည်​သေ​မင်း​၏​အ​ရိပ်​လွှမ်း​မိုး​ရာ​ပြည်​တွင် နေ​ထိုင်​ခဲ့​ရ​သော်​လည်း၊ ယ​ခု​အ​ခါ​သူ​တို့​အပေါ်​သို့​အ​လင်း​ရောင် ကျ​ရောက်​လာ​လေ​ပြီ။

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် မိုး​ချုပ်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​တောင်​ပေါ်​တွင်၊ခြေ​ချော်​၍ မ​လဲ​မီ​အ​ခါ​၌​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သင်​တို့​စောင့်​မျှော်​ရာ​အ​လင်း ကို မှောင်​မိုက်​အ​ဖြစ်​သို့၊ ပြောင်း​လဲ​စေ​တော်​မ​မူ​မီ​အ​ခါ​၌​လည်း ကောင်း သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​ကြယ်​တာ​ရာ အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခိ​မ​ကြယ်​စု​နှင့်​ခ​သိ​လ​ကြယ်​စု​ကို​လည်း ဖန်​ဆင်း​တော်​မူ​ခဲ့​ပြီ။ အ​မှောင်​ကို​အ​လင်း​ဖြစ်​စေ​၍​နေ့​ကို​လည်း ည​အ​ဖြစ်​သို့​ပြောင်း​လဲ​ခဲ့​ပြီ။ ပင်​လယ်​ရေ​အ​ပေါင်း​တို့​ကို​ခေါ်​ယူ​ကာ မြေ​ကြီး​ပေါ်​မှာ​သွန်း​တော်​မူ​ခဲ့​ပြီ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​မှာ​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

ငါ​တို့​၏​ရန်​သူ​တို့၊ ငါ​တို့​၏​အ​ပြစ်​အ​ခြေ အ​နေ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ​မ​ဖြစ်​ကြ နှင့်။ ငါ​တို့​လဲ​ကျ​သော်​လည်း​နောက်​တစ်​ဖန် ထ​ဦး​မည်။ ယ​ခု​အ​ခါ​ငါ​တို့​သည်​အ​မှောင် ထဲ​၌​နေ​ထိုင်​ရ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အ​ပေါ်​သို့​အ​လင်း​ရောင်​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ