ထိုအခါသခင်ယေရှုသည်ယောဟန်ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူရန်ဂါလိလဲပြည်မှ ယော်ဒန်မြစ်သို့ကြွလာတော်မူ၏။-
ယုဒပြည်တွင်အာခေလသည်ခမည်းတော်ဟေရုဒ် မင်း၏အရိုက်အရာကိုဆက်ခံစိုးစံလျက်နေ၏။ ထိုအကြောင်းကိုကြားသောအခါယောသပ်သည် ထိုပြည်သို့မသွားဝံ့တော့ချေ။ သူသည်အိပ်မက် တွင်ထာဝရဘုရား၏အမိန့်တော်ကိုခံယူရ သည့်အတိုင်းဂါလိလဲပြည်သို့သွား၍၊-
သို့ရာတွင်ယောဟန်က ``အကျွန်ုပ်သည်အရှင်၏ ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူသင့်သူဖြစ်ပါ လျက် အရှင်သည်အကျွန်ုပ်၏ထံသို့ကြွလာတော် မူပါသလော'' ဟုဆို၍ဆီးတားလေ၏။
သူတို့သည်မိမိတို့၏အပြစ်များကိုဖော်ပြ ဝန်ခံကြသဖြင့် ယောဟန်သည်ယော်ဒန်မြစ် တွင်သူတို့အားဗတ္တိဇံမင်္ဂလာကိုပေး၏။
ကိုယ်တော်သည်မည်သူဖြစ်သည်ကိုယခင် အခါကငါမသိ။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သူ့ကိုသိရှိနိုင်ကြစေရန် ငါ သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေးခြင်းဖြစ်၏'' ဟုဆို၏။