Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 27:66

Common Language Bible

သို့​ဖြစ်​၍​ထို​သူ​တို့​သည် သင်္ချိုင်း​ဂူ​သို့​သွား​ပြီး​လျှင် ကျောက်​တုံး​ကို​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကာ သင်္ချိုင်း​ဂူ​ကို လုံ​ခြုံ​စွာ​ပိတ်​ထား​ကြ​၏။ ထို​နောက်​စောင့်​ကြပ်​ရန် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကျောက်​ပြား​ဖြင့်​တွင်း​ဝ​ကို​ပိတ်​စေ​ပြီး နောက်​မင်း​ကြီး​သည် အ​ဘယ်​သူ​မျှ​ဒံ​ယေ​လ အား​မ​ကယ်​နိုင်​စေ​ရန် မိ​မိ​၏​တံ​ဆိပ်​တော် နှင့်​မှူး​မတ်​တို့​၏​တံ​ဆိပ်​များ​ကို ကျောက် ပြား​ပေါ်​တွင်​ခတ်​နှိပ်​၍​ထား​စေ​တော်​မူ​၏။-

ထို​နောက်​ကျောက်​ဆောင်​၌​မ​ကြာ​မီ​က​ထွင်း​ထား​သည့် မိ​မိ​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကာ ဂူ​ဝ​ကို​ကျောက်​တုံး​တစ်​ခု လှိမ့်​၍​ပိတ်​ထား​လိုက်​ပြီး​နောက်​ပြန်​သွား​လေ​သည်။-

ပိ​လတ်​မင်း​က ``အ​စောင့်​တပ်​တစ်​တပ်​ကို​ခေါ်​၍ သင်္ချိုင်း​ဂူ​ကို​အ​တတ်​နိုင်​ဆုံး​စောင့်​ကြပ်​စေ​လော့'' ဟု​ဆို​၏။

အ​မျိုး​သ​မီး​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​အ​စောင့် တပ်​သား​အ​ချို့​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ ယဇ်​ပု​ရော ဟိတ်​ကြီး​များ​အား​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​ကို​ကြား​ပြော​ကြ​၏။-

ထို​အ​ချိန်​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​လေ​သည်။ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​လာ​၍ သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး ကို​လှိမ့်​ဖယ်​လိုက်​ပြီး​လျှင်​ထို​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​၏။-

တ​နင်္ဂ​နွေ​နေ့​မိုး​မ​လင်း​မီ​မှောင်​လျက်​နေ​သေး စဉ်​အ​ခါ​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည်​သင်္ချိုင်း တော်​သို့​လာ​ရာ​ဂူ​ဝ​မှ​ကျောက်​တုံး​ကို​ဖယ် ရှား​ထား​သည်​ကို​တွေ့​ရ​၏။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ချ​ထား​တော်​မူ သည့်​အုတ်​မြစ်​သည်​ခိုင်​ခံ့​လျက်​ရှိ​ပေ​သည်။ ထို​အုတ်​မြစ်​ပေါ်​တွင်``ထာ​ဝ​ရဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​သိ​တော်​မူ​၏'' ဟူ​၍ လည်း​ကောင်း၊``သ​ခင်​ဘု​ရား​၏​နာမ​တော်​ကို ခံ​ရ​သူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရ​ကြ​မည်'' ဟူ​၍​လည်း​ကောင်း ကမ္ပည်း​ရေး​ထိုး​၍​ထား​သ​တည်း။

ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ကျောက်​တုံး​ကြီး များ​ဖြင့်​ပိတ်​ထား​လော့။ အစောင့်​လည်း​ချ ထား​လော့။-

ကောင်း​ကင်​တ​မန်​သည်​န​ဂါး​ကို​တွင်း​နက်​ကြီး ထဲ​သို့​ပစ်​ချ​ကာ​တွင်း​ကို​ပိတ်​ပြီး​နောက် အ​နှစ် တစ်​ထောင်​ကုန်​ဆုံး​သည့်​တိုင်​အောင်​လူ​မျိုး​တ​ကာ တို့​အား​မှောက်​မှား​လမ်း​လွဲ​မှု​မ​ပြု​နိုင်​စေ​ရန် တံ​ဆိပ်​ခတ်​နှိပ်​၍​ထား​၏။ အ​နှစ်​တစ်​ထောင် ကုန်​ဆုံး​ချိန်​၌​သူ့​အား​ခေတ္တ​လွှတ်​ပေး​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ