Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 27:53

Common Language Bible

သ​ခင်​ယေ​ရှု​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ထို​သူ​တို့​သည်​သင်္ချိုင်း​ထဲ​မှ​ထွက်​လာ​ကာ သန့်​ရှင်း သော​မြို့​တော်​သို့​ဝင်​သွား​ကြ​သ​ဖြင့်​လူ​အ​များ ပင်​သူ​တို့​ကို​တွေ့​မြင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ခေါင်း​ဆောင်​များ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​၏။ အ​ခြား​သူ​တို့​မူ​ကား​ဆယ် အိမ်​ထောင်​လျှင် တစ်​အိမ်​ထောင်​ကျ​သန့်​ရှင်း သော​ယေ​ရု​ရှ​လင်​မြို့​တော်​တွင်​လည်း​ကောင်း၊ ကျန်​သော​သူ​တို့​ကို​အ​ခြား​မြို့​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​စေ​ရန်​မဲ​ချ​၍ ဆုံး​ဖြတ်​ကြ​၏။-

သို့​ပါ​လျက်​သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း မြင့်​မြတ်​သည့်​မြို့​တော်​သား​များ​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟု​နာ​မည် တွင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို မှီ​ခို​အား​ကိုး​သူ​များ​ဟူ​၍​လည်း​ကောင်း ဂုဏ်​ယူ​ပြော​ဆို​ကြ​ပေ​သည်။

``ခု​နစ်​ဆယ်​ခု​နစ်​လီ​နှစ်​ကာ​လ​သည်​ကား သင်​၏​အ​မျိုး​သား​များ​နှင့် သင်​၏​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​အား အ​ပြစ်​ဒု​စ​ရိုက် နှင့်​မ​ကောင်း​မှု​များ​မှ​လွတ်​မြောက်​စေ​ရန် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့် အ​ချိန်​ကာ​လ​ဖြစ်​၏။ ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ် တော်​အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန်​နှင့် အ​သန့်​ရှင်း​ဆုံး​ဗိ​မာန်​တော်​ကို​ပြန်​လည် ဆက်​ကပ်​နိုင်​ရေး​အ​တွက် ဘု​ရား​သ​ခင် သည်​ထို​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၍ ထာ​ဝ​စဉ်​တ​ရား​မျှ​တ မှု​စိုး​မိုး​ရာ​ခေတ်​ကို​တည်​ထောင်​တော် မူ​လိမ့်​မည်။-

ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​ရှိ​ဗိ​မာန်​တော်​ထိပ်​ဖျား သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင်၊

ဗိမာန်​တော်​အြုပင်​တံ​တိုင်း​ကို​မ​တိုင်း​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​ကို​လူ​မျိုး ခြား​တို့​အား​ပေး​အပ်​ထား​သော​ကြောင့်​ဖြစ် ၏။ သူ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြို့ တော်​ကို​လေး​ဆယ်​နှစ်​လ​တိုင်​တိုင်​ခြေ​ဖြင့် နင်း​ကြ​လိမ့်​မည်။-

ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သော​မြို့​ကြီး​ဖြစ်​သည့်​ယေ​ရု ရှ​လင်​မြို့​သစ်​သည် သ​တို့​သား​အ​တွက်​အ​ဝတ် တန်​ဆာ​ဆင်​ယင်​ထား​သည့်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်​သက်​ဆင်း​လာ​သည်​ကို​ငါ​မြင် ရ​၏။-

မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင်​ပါ​ပ​ရော​ဖက် စ​ကား​များ​မှ​တစ်​စုံ​တစ်​ရာ​ကို​နုတ်​ပယ်​ပါ​က ထို​သူ​ထံ​မှ​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း​စောင်​၌ ဖော်​ပြ​သော​အ​သက်​ပင်​၏​အ​သီး​ကို​စား​သုံး​ခွင့် နှင့် မြင့်​မြတ်​သန့်​ရှင်း​သော​မြို့​တော်​သို့​ဝင်​စား​ခွင့် ကို​နုတ်​ပယ်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ