Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 27:50

Common Language Bible

သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​ကျယ်​စွာ​ဟစ်​အော်​တော်​မူ ပြီး​လျှင်​အ​သက်​ချုပ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​သီ​တင်း​နှစ်​ခြောက်​ဆယ့်​နှစ်​နှစ် ကုန်​ဆုံး​ချိန်​၌ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော် မူ​သော​ခေါင်း​ဆောင်​သည် မ​တ​ရား​လုပ်​ကြံ သတ်​ဖြတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ခြား အ​ရပ်​မှ​ချင်း​နင်း​ဝင်​ရောက်​လာ​သူ တန်​ခိုး ကြီး​မင်း​တစ်​ပါး​၏​စစ်​သည်​ဗိုလ်​ခြေ​တို့ သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း စစ်​မှု​နှင့်​ပျက်​စီး​မှု​တို့​သည်​ရေ​လွှမ်း​မိုး သ​ကဲ့​သို့​ဖြစ်​ပွား​ရ​လိမ့်​မည်။-

လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏​အ​စေ​ကို ခံ​ရန်​နှင့် မိ​မိ​အ​သက်​ကို​စွန့်​၍​လူ​များ​အား ရွေး​နုတ်​ရန်​ကြွ​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ ၏။

အ​ခြား​သော​သူ​တို့​က ``ရှိ​စေ​တော့။ သူ့​ကို​ကယ်​ရန် ဧ​လိ​ယ​လာ​မ​လာ​ကို​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။

သ​ခင်​ယေ​ရှု​သည်​ကျယ်​စွာ​ကြွေး​ကြော်​တော် မူ​ပြီး​နောက်​အ​သက်​ချုပ်​တော်​မူ​၏။-

သ​ခင်​ယေ​ရှု​သည် ``အို အ​ဖ၊ ကိုယ်​တော်​ရှင်​၏ လက်​တော်​သို့​အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို​အပ်​ပါ​၏'' ဟု​ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် တော်​မူ​၏။

``ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ သိုး​ထိန်း​ကောင်း သည်​သိုး​များ​အ​တွက် အ​သက်​ကို​စွန့်​တတ်​၏။-

ထို​နေ​ရာ​တွင်​ပုန်း​ရည်​အ​ပြည့်​ထည့်​ထား သော​အိုး​တစ်​လုံး​ရှိ​၏။ ထို​သူ​တို့​သည်​ရေ မြှုပ်​တစ်​ခု​ကို​ပုန်း​ရည်​တွင်​နှစ်​၍​ဟု​ဿုပ်​ပင် အ​ကိုင်း​အ​ဖျား​၌​တပ်​ပြီး​လျှင်​ကိုယ်​တော် ၏​ခံ​တွင်း​တော်​သို့​ကမ်း​ပေး​ကြ​၏။-

သ​ခင်​ယေ​ရှု​သည်​ထို​ပုန်း​ရည်​ကို​သောက်​တော် မူ​ပြီး​မှ ``အ​မှု​ပြီး​ပြီ'' ဟု​မိန့်​တော်​မူ​ကာ ဦး​ခေါင်း​တော်​ကို​ငိုက်​လျက်​အ​သက်​ချုပ် တော်​မူ​၏။

ထို​သား​သ​မီး​များ​သည်​အ​သွေး​အ​သား​ရှိ သူ​များ​ဖြစ်​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ထို သူ​တို့​နည်း​တူ​အ​သွေး​အ​သား​ရှိ​သူ​အ​ဖြစ် ကို​ခံ​ယူ​တော်​မူ​၏။ ယင်း​သို့​ခံ​ယူ​တော်​မူ​ခြင်း မှာ သေ​ခြင်း​ကို​အ​စိုး​ရ​သည့်​မာရ်​နတ်​၏ တန်​ခိုး​ကို​ချိုး​နှိမ်​ပစ်​ရန်​ပင်​ဖြစ်​၏။-

ခ​ရစ်​တော်​သည်​လူ့​ဇာ​တိ​နှင့်​သက်​တော်​ထင်​ရှား ရှိ​စဉ်​အ​ခါ​က မိ​မိ​အား​သေ​ခြင်း​မှ​ကယ်​တင် တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​သို့ ကြွေး​ကြော်​ကာ​မျက်​ရည်​ကျ​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ကိုယ်​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ် တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက် ဘု​ရား သ​ခင်​၏​အ​လို​တော်​ကို​ဝန်​ခံ​တော်​မူ​သော ကြောင့်​တည်း။-

ခ​ရစ်​တော်​၏​သွေး​တော်​သည်​ထို​အ​ရာ​တို့​ထက် အ​ဘယ်​မျှ​ပို​၍ သန့်​စင်​နိုင်​စွမ်း​ရှိ​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​သည်​ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် မိ​မိ​ကိုယ်​ကို​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ပူ​ဇော် ဆက်​သ​တော်​မူ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ငါ​တို့​ဆောင် ရွက်​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​ကျိုး​မဲ့​သည့်​ထုံး​နည်း​များ​ကို​လိုက်​နာ​မှု ကြောင့် မ​ကြည်​လင်​သော​ငါ​တို့​၏​သြတ္တပ္ပ စိတ်​ကို​ကြည်​လင်​စေ​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ