အနီးတွင်ရပ်နေသူလူအချို့တို့သည်ထိုစကားကို ကြားလျှင် ``သူသည်ဧလိယကိုခေါ်နေ၏'' ဟုဆို ကြ၏။-
``သို့ရာတွင်ယင်းသို့ကြောက်မက်ဖွယ်ရာ နေ့ကြီး မကျမရောက်မီငါသည်ပရော ဖက်ဧလိယကိုသင်တို့ထံသို့စေလွှတ် မည်။-
ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။-
မွန်းလွဲသုံးနာရီအချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်သောအသံ နှင့်မိန့်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူပါသနည်း'' ဟူ၏။
ထိုသူတို့အနက်လူတစ်ယောက်သည်ချက်ချင်းပြေး ၍ပင်လယ်ရေမြှုပ်ကိုယူကာပုံးရည်ကိုစုပ်ပြီးလျှင် ထိုရေမြှုပ်ကိုကူရိုးဖျားတွင်ပတ်၍ကိုယ်တော် သောက်ရန်ပေးလေ၏။