မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။-
မိုးကောင်းကင်သည်သူသေအတွက် ဝမ်းနည်းပူဆွေးသည့်အမှတ်လက္ခဏာကို ပြသည့်အလား မှောင်မဲ၍လာအောင်ငါပြုနိုင်၏။''
ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ် သည့်အချိန်မှာ နံနက်ကိုးနာရီဖြစ်၏။-
ထိုအချိန်ကားပသခါပွဲအကြိုနေ့၊ မွန်းတည့် ခါနီးဖြစ်သတည်း။ ပိလတ်မင်းက ``ကြည့် ကြလော့၊ ဤမှာသင်တို့၏ရှင်ဘုရင်တည်း'' ဟုယုဒအမျိုးသားတို့အားဆို၏။
တစ်နေ့သ၌ဝတ်ပြုကိုးကွယ်ချိန်မွန်းလွဲ သုံးနာရီတွင် ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့သွားကြ၏။-
စတုတ္ထကောင်းကင်တမန်တံပိုးခရာမှုတ်လိုက် သောအခါနေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံ တစ်ပုံ၊ ကြယ်တာရာများ၏သုံးပုံတစ်ပုံတို့ သည်ကပ်သင့်ကြသဖြင့်၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံလျော့နည်းသွားလေ၏။ နေ့၏သုံး ပုံတစ်ပုံ၊ ည၏သုံးပုံတစ်ပုံသည်အလင်း မရကြ။
သူသည်တွင်းနက်ကြီးကိုဖွင့်လိုက်သောအခါ မီးခိုးသည်မီးဖိုကြီးမှထွက်သည့်အလား ထွက်လာလေသည်။ ထိုမီးခိုးကြောင့်နေနှင့် အာကာသကောင်းကင်သည်မှောင်မဲ၍သွား၏။-