မဿဲ 27:4Common Language Bible``အကျွန်ုပ်သည်အပြစ်ကင်းသူကိုသေစေရန်အပ် မိပါပြီ'' ဟုဆို၏။ သို့ရာတွင်ထိုသူတို့က ``ဤ ကိစ္စသည်ငါတို့နှင့်မည်သို့ဆိုင်ပါသနည်း။ သင် ၏တာဝန်သာဖြစ်၏'' ဟုပြန်ပြောကြ၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-
ရှောလုက``အကျွန်ုပ်သည်အပြစ်ကူးလွန်မိပါ ပြီ။ သို့ရာတွင်ယုတ်စွအဆုံးအကျွန်ုပ်၏အမျိုး သားခေါင်းဆောင်များရှေ့၌လည်းကောင်း၊ ဣသရေလ အမျိုးသားတစ်ရပ်လုံး၏ရှေ့၌လည်းကောင်း အကျွန်ုပ် ၏ဂုဏ်အသရေမပျက်စေဘဲ အကျွန်ုပ်သည်အရှင် ၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်နိုင်ရန်အကျွန်ုပ်နှင့်အတူအရှင်ပြန်၍ လိုက်ခဲ့ပါ'' ဟုတောင်းပန်၏။-
သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။