Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 27:31

Common Language Bible

ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​ကမ္ဗ​လာ​နီ​ဝတ်​လုံ ကို​ချွတ်​၍​ကိုယ်​တော်​၏​အ​ဝတ်​ကို​ပြန်​ဝတ်​ပေး​ကြ ၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ့​ကို​မျက်​နှာ​ပြောင်​တိုက်​၍`ဤ​သူ​သည် ဘု​ရား​သ​ခင်​နှင့်​ဘု​ရင်​မင်း​မြတ်​အား​ပုတ်​ခတ် ပြော​ဆို​သူ​ဖြစ်​ပါ​သည်' ဟု​မ​သ​မာ​သူ​လူ​နှစ် ယောက်​ကို​ပြစ်​တင်​စွပ်​စွဲ​ခိုင်း​ကြ​လော့။ ထို့​နောက် သူ့​အား​မြို့​ပြင်​သို့​ထုတ်​၍​ခဲ​နှင့်​ပေါက်​သတ်​ကြ လော့'' ဟူ​သ​တည်း။

မ​သ​မာ​သူ​လူ​နှစ်​ယောက်​က​လည်း​ဘု​ရား​သ​ခင် နှင့် မင်း​ကြီး​အား​ပုတ်​ခတ်​ပြော​ဆို​မှု​နှင့်​နာ​ဗုတ် အား​လူ​ပုံ​အ​လယ်​တွင်​ပြစ်​တင်​စွပ်​စွဲ​ကြ​လေ သည်။ ထို့​ကြောင့်​လူ​တို့​သည်​သူ့​ကို​မြို့​ပြင်​သို့ ထုတ်​ပြီး​လျှင်​ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။-

``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။ သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊ အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊ သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ထို​သူ အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​စ​ခန်း​အ​ပြင်​၌​သူ့ ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။-

လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ လူ မျိုး​ခြား​တို့​သည်​လည်း​လူ​သား​ကို​ပြောင်​လှောင် ပြီး​လျှင် ကြိမ်​ဒဏ်​ပေး​ကာ​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​မြောက် သော​နေ့​၌​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ့​ကို​ဖမ်း​ပြီး​ဥ​ယျာဉ်​အ​ပြင်​သို့​ထုတ်​၍ သတ်​ကြ​၏။

``နောက်​နှစ်​ရက်​မျှ​ကြာ​လျှင်​ပ​သ​ခါ​ပွဲ​ကျ​ရောက် မည်​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ခါ​လူ​သား​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​ရန်​ရန်​သူ့ လက်​သို့​အပ်​ကြ​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။

ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။

ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ထို​သူ တို့​လက်​သို့​အပ်​လိုက်​လေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။-

ထို​နောက်​တ​ပည့်​တော်​အား ``ဤ​မှာ​သင်​၏ အ​မိ'' ဟု​မိန့်​မြွက်​တော်​မူ​၏။ ထို​အ​ခါ​မှ စ​၍​ထို​တ​ပည့်​တော်​သည်​မယ်​တော်​အား မိ​မိ​၏​အိမ်​တွင်​ပြု​စု​စောင့်​ရှောက်​ထား​လေ သည်။

သူ့​ကို​မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​နောက်​ကျောက်​ခဲ နှင့်​ပေါက်​ကြ​၏။ အ​သိ​သက်​သေ​များ​သည်​မိ​မိ တို့​ဝတ်​လုံ​များ​ကို​ရှော​လု​နာ​မည်​ရှိ​သူ လူ​ငယ် လူ​ရွယ်​တစ်​ယောက်​အား​အပ်​ထား​ကြ​၏။-

ဤ​အ​ကြောင်း​ကြောင့်​သ​ခင်​ယေ​ရှု​သည်​လည်း မိ​မိ​၏​သွေး​တော်​အား​ဖြင့် လူ​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​များ​ကို​ဆေး​ကြော​ပေး​နိုင်​ရန်​မြို့ တံ​ခါး​၏​အ​ပြင်​ဘက်​၌​အ​သေ​ခံ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ