မဿဲ 27:25Common Language Bibleလူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-
သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။