ထိုအချိန်၌ယေရှုဗာရဗ္ဗဆိုသူနာမည်ဆိုး အကျဉ်းသမားတစ်ယောက်ရှိ၏။-
ရောမဘုရင်ခံမင်းသည်ပသခါပွဲအခါကျ တိုင်း လူပရိသတ်တို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ ရှိ၏။-
သို့ဖြစ်၍လူတို့စုရုံးလာကြသောအခါပိလတ်မင်း က ``သင်တို့အတွက်မည်သူ့အားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးစေလိုသနည်း။ ယေရှုဗာရဗ္ဗလော။ ခရစ်တော် ဆိုသူယေရှုလော'' ဟုမေး၏။-
ထိုအချိန်၌ပုန်ကန်ထကြွမှုနှင့်လူသတ်မှု ဖြင့် အကျဉ်းခံနေရသူများရှိ၏။ ထိုသူတို့ အထဲတွင်ဗာရဗ္ဗဆိုသူတစ်ဦးလည်းပါ၏။-
ပုန်ကန်ထကြွမှုနှင့်လူသတ်မှုတို့အတွက် ထောင်ကျသူအား သူတို့တောင်းဆိုသည့်အတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၏။ သခင်ယေရှု ကိုမူသူတို့ပြုလိုသည့်အတိုင်းပြုစေရန်အပ် လိုက်၏။
ထိုသူတို့က ``သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်မပေး ပါနှင့်။ ဗာရဗ္ဗကိုပေးပါ'' ဟုဟစ်အော်ကြ၏။ (ဗာရဗ္ဗကားဋ္ဌားပြဖြစ်သတည်း။)
သင်တို့ကမူသန့်ရှင်းကောင်းမြတ်တော်မူသော အရှင်ကိုပစ်ပယ်ခဲ့ကြ၏။ သင်တို့သည်လူ သတ်သမားအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်တောင်းခံပြီးလျှင်၊-
ဤသို့သောအကျင့်ရှိသူတို့သည်သေဒဏ်ခံ ထိုက်သည်ဟု ဘုရားသခင်ပြဋ္ဌာန်းချက်ကိုထို သူတို့သိလျက်ပင် မိမိတို့ကိုယ်တိုင်ဤအမှု များကိုဆက်လက်၍ပြုကျင့်ကြသည်သာ မက၊ ဤသို့ပြုကျင့်ကြသူများကိုလည်း အားပေးအားမြှောက်ပြုကြသည်တကား။
အန္ဒြောနိတ်နှင့်ယုနိတို့ကိုနှုတ်ဆက်ကြလော့။ သူတို့ သည်ငါနှင့်အတူအကျဉ်းခံခဲ့သောယုဒအမျိုးသား များဖြစ်ကြ၏။ သူတို့သည်တမန်တော်များအဖြစ် ဖြင့်ထင်ပေါ်ကျော်ကြားသူများ၊ ငါ၏အလျင် ခရစ်တော်ကိုသိကြသူများတည်း။