Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 26:72

Common Language Bible

ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ကျိန်​ဆို​ပြန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​ကို​အ​လွဲ​သုံး​စား​မ​ပြု​ရ။ ထို​သို့ အ​လွဲ​သုံး​စား​ပြု​သူ​အား​ငါ​ဒဏ်​ခတ် မည်။

အ​ချင်း​ယု​ဒ​မှ​ဆင်း​သက်​လာ​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို တိုင်​တည်​ကျိန်​ဆို​ကာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော်​လည်း သင်​တို့​၏​စ​ကား​များ​သည်​တစ်​ခွန်း​မျှ​မ​မှန်။

သင်​တို့​သည်​အ​ချင်း​ချင်း​ဘေး​အန္တ​ရာယ်​ဖြစ် စေ​မည့်​အ​ကြံ​အ​စည်​ကို​မ​ပြု​ကြ​နှင့်။ ကျိန် ဆို​ခြင်း​ကို​ပြု​လျက်​မ​မှန်​သော​သက်​သေ​ကို မ​ခံ​ကြ​နှင့်။ လိမ်​လည်​ပြော​ဆို​မှု၊ မ​တ​ရား သည့်​အ​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ကို​ငါ​မုန်း ၏'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။

အ​ခြား​အ​စေ​ခံ​မ​က​လေး​တစ်​ယောက်​သည်​သူ့ ကို​မြင်​လျှင်​ထို​နေ​ရာ​တွင်​ရှိ​သော​သူ​တို့​အား ``ဤ သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပေါင်း​ဖော် သူ​ဖြစ်​၏'' ဟု​ဆို​၏။

ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​အ​နီး တွင်​ရပ်​နေ​သော​သူ​များ​သည်​ပေ​တ​ရု​ထံ​လာ​၍ ``သင် သည်​အ​မှန်​ပင်​ထို​သူ​နှင့်​အ​ပေါင်း​ပါ​ဖြစ်​ကြောင်း​သင် ပြော​ပုံ​ဆို​ပုံ​အား​ဖြင့်​သိ​သာ​၏'' ဟု​ဆို​ကြ​၏။

ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင် ကို​တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။ ထို​ခ​ဏ​၌​ကြက်​တွန်​လေ​၏။-

ကိုယ်​တော်​က ``ပေ​တ​ရု၊ သင့်​အား​ငါ​ဆို​သည် ကား​ယ​နေ့​ည​ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို မ​သိ​ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ