Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 26:65

Common Language Bible

ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည်​ဝမ်း​နည်း​လျက် မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ကာ​အာ​ရှု​ရိ​အ​ရာ​ရှိ​၏​စကား​ကို​မင်း ကြီး​ထံ​ပြန်​ကြား​လျှောက်​ထား​ကြ​၏။

သို့​ရာ​တွင်​စာ​လိပ်​ပါ​စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​သူ​မင်း​ကြီး​နှင့်​တ​ကွ အ​ဘယ်​မှူး မတ်​မျှ​ကြောက်​လန့်​မှု​မ​ဖြစ်​ကြ။ နောင်​တ ရ​သည့်​လက္ခ​ဏာ​ကို​လည်း​မ​ပြ​ကြ။-

ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သူ​များ အ​နက် နှစ်​ဦး​ဖြစ်​ကြ​သော​နုန်​၏​သား​ယော​ရှု နှင့်​ယေ​ဖုန္နာ​၏​သား​ကာ​လက်​တို့​သည် ဝမ်း​နည်း သည့်​အ​နေ​ဖြင့်​မိ​မိ​တို့​၏​အ​ဝတ်​အင်္ကျီ​များ ကို​ဆုတ်​ဖြဲ​လျက်၊-

ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က ``ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ​ပြီ'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​က ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ သူ​သည်​ဘု​ရား​သ​ခင် အား​ပြစ်​မှား​ပြော​ဆို​ပါ​သည်​တ​ကား။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည်​အ​ပြစ်​ကို ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။

သူ​တို့​က ``ကောင်း​မြတ်​သော​အ​မှု​တစ်​စုံ​တစ်​ရာ ကို​သင်​ပြု​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်​မ​ဟုတ်။ သင်​သည်​လူ​စင်​စစ်​ဖြစ်​ပါ​လျက်​ဘု​ရား​ယောင် ဆောင်​ကာ ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်'' ဟု​ဆို ကြ​၏။

ခ​မည်း​တော်​သည်​ငါ့​ကို​ရွေး​ချယ်​၍ ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍ `ငါ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​သော​အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သည်​ဟု​အ​ဘယ်​သို့​လျှင်​သင်​တို့​ဆို နိုင်​ကြ​သ​နည်း။-

ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ