ထိုအခါသခင်ယေရှုနှင့်လိုက်ပါသောလူ တစ်ယောက်သည်ဋ္ဌားကိုဆွဲထုတ်ပြီးလျှင် ယဇ် ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက် ရာထိုသူနားရွက်ပြတ်လေ၏။-
ပေတရုက ``အကျွန်ုပ်သည်ကိုယ်တော်နှင့်အတူ သေပင်သေရပါစေ၊ ကိုယ်တော်ကိုမသိဟုငြင်း ဆိုမည်မဟုတ်ပါ'' ဟုလျှောက်ထား၏။ အခြား တပည့်တော်တို့သည်လည်းဤနည်းအတိုင်း လျှောက်ထားကြ၏။
ထိုအခါအနီးတွင်ရပ်နေသူလူတစ်ဦးသည် ဋ္ဌားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ကျွန် တစ်ယောက်ကိုခုတ်လိုက်ရာထိုသူနားရွက် ပြတ်လေ၏။-
ကိုယ်တော်သည်လှည့်၍သူတို့အားဆုံးမတော် မူ၏။-
သခင်ယေရှုက ``ငါ့နိုင်ငံသည်ဤလောကနှင့် မသက်ဆိုင်။ အကယ်၍ငါ့နိုင်ငံသည်ဤလောက နှင့်သက်ဆိုင်ပါမူ ငါသည်ယုဒအမျိုးသားတို့ လက်သို့မရောက်ရအောင်ငါ၏တပည့်တို့သည် တိုက်ခိုက်ကြမည်။ အမှန်စင်စစ်ငါ၏နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်'' ဟုမိန့်တော်မူ၏။
ငါတို့စွဲကိုင်သည့်လက်နက်များသည်လူသား တို့စွဲကိုင်သည့်လက်နက်များမဟုတ်။ ခံတပ်များ ကိုဖြိုဖျက်နိုင်သည့်ဘုရားသခင်၏တန်ခိုး တော်နှင့်ပြည့်စုံသောလက်နက်များဖြစ်၏။ ငါ တို့သည်မမှန်ကန်သည့်ဆွေးနွေးငြင်းခုံချက် များကိုလည်းကောင်း၊-