ကိုယ်တော်ကိုရန်သူ့လက်သို့အပ်နှံသူကမိမိ နှင့်လိုက်ပါလာသူတို့အား ``ငါနမ်း၍နှုတ်ဆက် သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့'' ဟု အချက်ပေးထား၏။
ဟေဗြုန်မြို့သို့အာဗနာရောက်ရှိလာသော အခါ ယွာဘသည်မြို့တံခါးနံဘေးသို့ခေါ် ယူကာတီးတိုးပြောဆိုဆွေးနွေးဟန်ပြု၍ ဝမ်းကိုဋ္ဌားနှင့်ထိုးလိုက်၏။ ဤသို့လျှင်အာဗနာ သည်ယွာဘ၏ညီအာသဟေလကိုသတ်ခဲ့ သည့်အတွက်လုပ်ကြံခြင်းကိုခံရလေ၏။-
မကောင်းမှုပြုသည့်သူယုတ်မာများနှင့်အတူ ကျွန်တော်မျိုးအားအပြစ်ဒဏ်စီရင်တော်မမူ ပါနှင့်။ ထိုသူတို့သည်နှုတ်ချိုသော်လည်းမုန်းစိတ်ရှိ ကြပါ၏။
ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။-
ယုဒသည်ချက်ချင်းပင်ကိုယ်တော်၏ထံသို့ချဉ်းကပ် ကာ ``အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော'' ဟုဆို ၍ကိုယ်တော်ကိုနမ်းလေ၏။
ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူ က ``ငါနမ်းရှုပ်နှုတ်ဆက်သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍အစောင့်နှင့်ခေါ်သွားကြ လော့'' ဟုသူတို့အားအမှတ်ပေးခဲ့၏။