ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။
အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည်။
ထိုအခါသင်္ဘောသူကြီးသည် သူ့ထံလာပြီးသူ့အား``သင်သည်အဘယ်ကြောင့်အိပ်နေပါသနည်း။ ထလော့၊ သင်၏ဘုရားထံတွင် ငါတို့ကိုကယ်တင်ရန်ဆုတောင်းလော့။ ထိုအရှင်သည်ငါတို့အားသနား၍ငါတို့ကိုကယ်တင်ကောင်းကယ်တင်တော်မူပါလိမ့်မည်'' ဟုဆို၏။
ထိုနောက်ကိုယ်တော်သည်ဒုတိယအကြိမ်ကြွ သွားတော်မူပြန်၍ ``အကျွန်ုပ်၏အဖ၊ ဤဒုက္ခ ဝေဒနာခွက်ကိုအကျွန်ုပ်ထံမှလွှဲဖယ်၍ မဖြစ်ပါကကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။-
ကိုယ်တော်သည်သူတို့ထံမှတစ်ဖန်ကြွသွား တော်မူပြီးလျှင်ယခင်ကမြွက်ဆိုသည် အတိုင်းတတိယအကြိမ်ဆုတောင်းတော်မူ၏။-
ပေတရုနှင့်အဖော်များသည်ငိုက်မြည်း အိပ်ပျော်လျက်နေကြ၏။ သို့ရာတွင်သူတို့ နိုးလာသောအခါကိုယ်တော်၏ဘုန်းအသ ရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေသူနှစ်ဦးကိုလည်းကောင်းမြင်ကြ၏။-
ဥတုခုဆိုသူလူငယ်လူရွယ်တစ်ယောက်သည် ပြူတင်းပေါက်ဘောင်ပေါ်တွင်ထိုင်လျက်နေ၏။ ပေါလုဆက်၍ဟောပြောနေစဉ်သူသည်ငိုက် မြည်းလာပြီးလျှင် နောက်ဆုံး၌အိပ်ပျော်သွား ကာအိမ်၏တတိယအထပ်မှမြေသို့လိမ့် ကျလေသည်။ လူတို့သည်သူ့ကိုပွေ့ချီလိုက် ရာသေနေသည်ကိုတွေ့ကြ၏။-
လူတိုင်းပင်အစိုးရမင်းတို့၏အမိန့်အာဏာ ကိုလိုက်နာကြရမည်။ အဘယ်အစိုးရမျှ ဘုရားသခင်၏ခွင့်ပြုချက်မရဘဲမရပ် မတည်နိုင်။ အာဏာရအစိုးရမင်းသည် ဘုရားသခင်၏ခွင့်ပြုချက်ရ၍သာအုပ်စိုး ရ၏။-