Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 26:25

Common Language Bible

ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ က ``အ​ရှင်​ဘု​ရား၊ ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​မေး​လျှောက်​လျှင်၊ ကိုယ်​တော်​က ``သင်​ပြော​သည့်​အ​တိုင်း​ပင်​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​အိမ်​ထဲ​သို့​ပြန်​၍​ဝင်​လာ​သော​အ​ခါ​ဧ​လိ ရှဲ​က``အ​ဘယ်​သို့​သွား​နေ​ပါ​သ​နည်း'' ဟု​မေး​၏။ ဂေ​ဟာ​ဇိ​က``အ​ရှင်၊ ကျွန်​တော်​အ​ဘယ်​ကို​မျှ မ​သွား​ပါ'' ဟု​ပြန်​ပြော​၏။

မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။

စျေး​ရပ်​ကွက်​တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို ကြ​၏။ ဆ​ရာ​တော်​ဟု​အ​ခေါ်​ခံ​လို​ကြ​၏။-

သို့​ရာ​တွင်​သင်​တို့​အား​လုံး​သည်​ညီ​အစ်​ကို များ​ဖြစ်​လျက် သင်​တို့​မှာ​ဆ​ရာ​တော်​တစ်​ပါး တည်း​သာ​ရှိ​သည်​ဖြစ်​၍​ဆ​ရာ​တော်​ဟု အ​ခေါ်​မ​ခံ​ကြ​နှင့်။-

ထို​နောက်​တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ ထံ​သို့​သွား​၍၊-

ယု​ဒ​သည်​ချက်​ချင်း​ပင်​ကိုယ်​တော်​၏​ထံ​သို့​ချဉ်း​ကပ် ကာ ``အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော'' ဟု​ဆို ၍​ကိုယ်​တော်​ကို​နမ်း​လေ​၏။

သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

ရော​မ​ဘု​ရင်​ခံ​မင်း​၏​ရှေ့​သို့​သ​ခင်​ယေ​ရှု​ရောက်​ရှိ သော​အ​ခါ​ဘု​ရင်​ခံ​မင်း​က ``သင်​သည်​ယု​ဒ​ရှင် ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``သင်​ဆို သည်​အ​တိုင်း​ငါ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​တို့​က ``သို့​ဖြစ်​ပါ​မူ​သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သ​လော'' ဟု​မေး ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​သည်​ဟု​သင်​တို့​ပင်​ဆို​ချေ သည်'' ဟု​မိန့်​တော်​မူ​၏။

ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။-

ဤ​အ​တော​အ​တွင်း​၌​တ​ပည့်​တော်​တို့​က ``အ​ရှင် ဘု​ရား၊ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​ပါ'' ဟု လျှောက်​ထား​တောင်း​ပန်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ