Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 26:10

Common Language Bible

သ​ခင်​ယေ​ရှု​သည်​ကြား​သိ​တော်​မူ​သော အ​ခါ ``အ​ဘယ်​ကြောင့်​ဤ​အ​မျိုး​သ​မီး​ကို သင်​တို့​နှောင့်​ယှက်​ကြ​သ​နည်း။ သူ​ပြု​သော အ​မှု​သည်​လွန်​စွာ​လျောက်​ပတ်​ပေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘုရား​သည်​ငါ​နှင့်​အ​ဘယ်​သို့​အ​တူ ရှိ​တော်​မူ​ခဲ့​၍ ငါ့​အား​ကူ​မ​တော်​မူ​ခဲ့​ကြောင်း ကို​လည်း​ကောင်း၊ ငါ့​အား​ဧ​က​ရာဇ်​မင်း​ကြီး အ​ဘယ်​သို့​အ​မိန့်​ရှိ​တော်​မူ​ခဲ့​ကြောင်း​ကို လည်း​ကောင်း​ဖော်​ပြ​၏။ ထို​သူ​တို့​က``ပြန်​လည်​တည်​ဆောက်​မှု​ကို​ငါ တို့​အ​စ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ကာ​အ​လုပ် စ​ရန်​အ​သင့်​ပြင်​ဆင်​ကြ​လေ​သည်။

သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။

ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ ကြ​မည်။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ မည်​မ​ဟုတ်။-

ဤ​ဆီ​မွှေး​ကို​ငွေ​အ​မြောက်​အ​မြား​နှင့်​ရောင်း ၍​ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု ဆို​ကြ​သည်။

သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို​ရှိ​စေ​တော့။ အ​ဘယ်​ကြောင့်​သူ့​ကို​နှောင့်​ယှက်​ကြ​သ​နည်း။ ငါ့ အား​သူ​ပြု​သော​အ​မှု​သည်​လျောက်​ပတ်​ပေ​၏။-

ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ချိန်​၌​တ​ရား​ဇ​ရပ် အုပ်​ချုပ်​ရေး​မှူး​၏​အိမ်​မှ​လူ​တစ်​ယောက်​ရောက်​လာ ၏။ ``အ​ရှင်​၏​သ​မီး​သေ​ဆုံး​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဆ​ရာ​တော်​ကို​နှောင့်​ယှက်​ပါ​တော့​မည်​နည်း'' ဟု ပြော​၏။

သင်​တို့​သည်​လို​သ​မျှ​သော​အ​ရာ​များ​ကို အ​စဉ်​ပင်​ရ​ရှိ​ပြီး​လျှင်​ကောင်း​မှု​အ​မျိုး​မျိုး တို့​တွင်​ကူ​ညီ​မ​စ​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​သင်​တို့​အား​လို​သ​မျှ​သော အ​ရာ​တို့​ထက်​ပို​၍​ပေး​ရန်​တတ်​နိုင်​တော် မူ​၏။-

သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​မှာ​အ​ခြား မူ​ကွဲ​မ​ရှိ။ သင်​တို့​၏​စိတ်​ကို​နှောင့်​ယှက်​၍ ခ​ရစ်​တော် ၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို မှောက်​လှန်​လို​သူ​လူ အ​ချို့​ရှိ​၏။-

သင်​တို့​ကို​နှောင့်​ယှက်​သော​သူ​တို့​သည်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရုံ​သာ​မ​က မိ​မိ​တို့ ကိုယ်​ကို​သင်း​ကွပ်​လိုက်​ကြ​လျှင်​ကောင်း​လိမ့်​မည်။

နိ​ဂုံး​ချုပ်​ရ​မည်​ဆို​လျှင် ငါ့​အား​အ​ဘယ်​သူ​မျှ နောက်​ထပ်​မ​နှောင့်​ယှက်​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​၏​ကိုယ်​ပေါ်​တွင်​ရှိ​သော​ဒဏ်​ရာ​ဒဏ်​ချက် များ​က ငါ​သည်​သ​ခင်​ယေ​ရှု​၏​ကျွန်​ဖြစ်​ကြောင်း သက်​သေ​ပြ​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။

ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဘု​ရား​သ​ခင်​စီ​မံ​ထား​တော်​မူ သော​အ​ကျင့်​ကောင်း​များ​ကို​ပြု​ကျင့်​စေ​ရန် ဘု​ရား သ​ခင်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​ပေ​သည်။

သို့​မှ​သာ​အ​စဉ်​အ​မြဲ​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​လည်း​ကောင်း သင်​တို့​ပြု​မူ​ကျင့်​ကြံ​နိုင်​ကြ​လိမ့်​မည်။ ယင်း သို့​ပြု​မူ​ကျင့်​ကြံ​သ​ဖြင့် ကောင်း​မြတ်​သည့် အ​ကျင့်​အ​မျိုး​မျိုး​တည်း​ဟူ​သော​အ​သီး အ​ပွင့်​များ​ကို​ဖြစ်​ထွန်း​စေ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​လည်း​တိုး​၍​သိ​ကျွမ်း လာ​ကြ​လိမ့်​မည်။-

သင်​တို့​အား​ကောင်း​မြတ်​သည့်​စ​ကား​နှင့်​ကောင်း မြတ်​သည့်​အ​မှု​အ​မျိုး​မျိုး​ကို​အ​စဉ်​အ​မြဲ ပြော​ဆို​ပြု​မူ​နိုင်​စေ​ရန် အား​ပေး​၍​စွမ်း​ရည် သတ္တိ​ကို​ပေး​တော်​မူ​ပါ​စေ​သော။

အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​ရန်​မျှော်​မှန်း သူ​သည်​မွန်​မြတ်​သည့်​အ​မှု​အ​ရာ​ကို​လို လား​တောင့်​တ​သူ​ဖြစ်​၏​ဟူ​သော​စ​ကား သည်​မှန်​ပေ​၏။-

ထို့​အ​ပြင်​ကောင်း​မှု​ကြောင့်​အ​သ​ရေ​ရှိ​သူ​ဖြစ် ရ​မည်။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကောင်း​စွာ ပြု​စု​စောင့်​ရှောက်​ခဲ့​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သူ၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့​ခြေ​ကို​ဆေး သူ၊ ဒုက္ခ​ရောက်​သူ​တို့​အား​ကူ​ညီ​မ​စ​သူ၊ ကောင်း မှု​အ​မျိုး​မျိုး​ကို​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ ဖြစ်​ရ​မည်။

ဖော်​ပြ​ခဲ့​သည့်​မ​ကောင်း​မှု​များ​ကို​ရှောင်​ကြဉ် သူ​သည် မိ​မိ​သ​ခင်​အ​တွက်​ဆက်​ကပ်​ထား​၍ အ​သုံး​ဝင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို​လုပ်​ဆောင်​ရန်​အ​သင့်​ရှိ​သူ​ဖြစ် သ​ဖြင့်​အ​ထူး​အ​သုံး​ပြု​ခြင်း​ကို​ခံ​ရ​လိမ့် မည်။-

သူ​တို့​သည်​ဘုရား​သခင်​ကို​သိ​သည်​ဟု​ဝန်​ခံ သော်​လည်း​သူ​တို့​အ​ကျင့်​က​မ​ထောက်​ခံ။ သူ တို့​သည်​မုန်း​ဖွယ်​ကောင်း​သူ၊ နား​မ​ထောင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ ပြု​ရန်​မ​သင့်​တော်​သူ​များ​ဖြစ်​ကြ​၏။

ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။

တိုင်း​ပြည်​အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​၍ သူ​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​ရန်​လည်း​ကောင်း၊ ကောင်း​မြတ်​သော အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို​ဆောင်​ရွက်​ဖို့​အ​သင့်​ရှိ ကြ​ရန်​လည်း​ကောင်း သင်​၏​လူ​စု​အား​သ​တိ ပေး​လော့။-

စား​ဝတ်​နေ​ရေး​အ​တွက်​အ​မှန်​တ​ကယ်​လို​အပ် သည်​တို့​ကို​ရ​ရှိ​နိုင်​ရန် ငါ​တို့​၏​လူ​စု​သည် ကောင်း​သော​အ​သက်​မွေး​မှု​ကို​ပြု​ကြ​ရန်​သွန် သင်​လော့။ မိ​မိ​တို့​၏​လုပ်​အား​ကို​အ​ချည်း​နှီး မ​ဖြစ်​စေ​ရ​ကြ။

ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည်​ကောင်း မြတ်​သော​အ​ကျင့်၊ လူ​အ​ပေါင်း​တို့​အား​အ​ကျိုး ပြု​သော​အ​ကျင့်​များ​၌​မွေ့​လျော်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကို​အ​ထူး​ဂ​ရု​ပြု​၍​နှိုး​ဆော်​တိုက်​တွန်း​လော့။-

မ​ယုံ​ကြည်​သူ​တို့​သည်​သင်​တို့​အား​မ​ကောင်း မှု​ပြု​ကြ​သူ​များ​ဟု ပြစ်​တင်​စွပ်​စွဲ​လျက်​နေ ကြ​စဉ် သင်​တို့​၏​အ​ကျင့်​ကောင်း​များ​ကို​မြင် သ​ဖြင့်​ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ကြ​စေ​ရန် သင်​တို့​သည်​ထို​သူ​တို့​ရှေ့​တွင်​တင့် တယ်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ​လျက် နေ​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ