Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 25:46

Common Language Bible

ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

သေ​လွန်​သူ​အ​မြောက်​အ​မြား​တို့​သည်​ပြန် ၍ အ​သက်​ရှင်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့ အ​နက်​အ​ချို့​သော​သူ​တို့​သည်​ထာ​ဝ​ရ အ​သက်​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ အ​ချို့ တို့​မှာ​မူ​ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။-

ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။

လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ တော်၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ကျွန်ုပ် သည်​အ​ဘယ်​ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ရ ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။

ထို​မှ​တစ်​ပါး​ငါ့​အ​တွက်​ကြောင့်​အိမ်၊ မြေ၊ ညီ အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​အ​နက် တစ်​စုံ​တစ်​ယောက်​ကို​စွန့်​သော​သူ​သည်​မိ​မိ​စွန့် သည်​ထက်​အ​ဆ​တစ်​ရာ​မျှ​အ​ကျိုး​ကို​ပြန် လည်​ရ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​အ​သက်​ကို​လည်း ရ​လိမ့်​မည်။-

``ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ဝဲ​တော်​ဘက် ၌​ရှိ​သော​သူ​တို့​အား `အ​မင်္ဂ​လာ​ရှိ​သူ​တို့၊ ငါ့​ထံ မှ​ထွက်​သွား​ကြ​လော့။ မာရ်​နတ်​နှင့်​သူ့​စေ​တ​မန် များ​အ​တွက်​ပြင်​ဆင်​ထား​သည့်​ထာ​ဝ​ရ​မီး ထဲ​သို့​သက်​ဆင်း​ကြ​လော့။-

ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သိမ်​ငယ်​သည့် ဤ​သူ​များ​အ​နက်​က​တစ်​စုံ​တစ်​ယောက်​သော သူ​ကို​သင်​တို့​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​သ​မျှ​သည် ငါ့​ကို​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​ခြင်း​ပင်​မည်​၏' ဟု မိန့်​တော်​မူ​လိမ့်​မည်။-

ထို​မှ​တစ်​ပါး​သင်​တို့​နှင့်​ငါ​တို့​စပ်​ကြား​တွင် နက်​စွာ​သော​ချောက်​ကြီး​တစ်​ခု​တည်​ရှိ​၏။ ထို ကြောင့်​သင်​တို့​ဘက်​မှ​ငါ​တို့​ဘက်​သို့​လည်း ကောင်း၊ ငါ​တို့​ဘက်​မှ​သင်​တို့​ဘက်​သို့​လည်း ကောင်း​ကူး​ဖြတ်​လို​သူ​တို့​သည်​မ​ကူး​ဖြတ် နိုင်​ကြ' ဟု​ပြန်​၍​ပြော​၏။-

သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။-

သား​တော်​ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက် ကို​ရ​၏။ သား​တော်​၏​စ​ကား​ကို​နား​မ​ထောင်​သူ မူ​ကား​အ​သက်​ကို​မ​ရ​ဘဲ ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​သင့်​သူ​ဖြစ်​လိမ့်​မည်။

ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။-

အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

သား​တော်​ကို​ဖူး​မြင်​၍​ယုံ​ကြည်​လာ​သူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ကြ စေ​ရန်​ခ​မည်း​တော်​အ​လို​တော်​ရှိ​၏။ ငါ​သည် လည်း​သူ​တို့​အား နောက်​ဆုံး​သော​နေ့​၌​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က​ယ​ခင်​က​ထက်​ပို​မို ရဲ​ရင့်​စွာ​ဟော​ကြား​သည်​မှာ ``ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဦး​စွာ​ပ​ထ​မ​ဟော​ပြော​ရ​ပေ​မည်။ သို့​ရာ​တွင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ မိ​မိ တို့​ကိုယ်​ကို​ထာ​ဝ​ရ​အ​သက်​နှင့်​မ​ထိုက်​မ​တန် သူ​များ​ဖြစ်​သည်​ဟု​စီ​ရင်​ကြ​သော​ကြောင့် ငါ​တို့ သည်​သင်​တို့​ထံ​မှ​ထွက်​ခွာ​၍​လူ​မျိုး​ခြား​တို့ ထံ​သို့​သွား​ကြ​ပါ​မည်။-

လူ​မျိုး​ခြား​တို့​သည်​ထို​စ​ကား​ကို​ကြား​သော အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​ကာ​သ​ခင်​ဘု​ရား​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ပြော​ဆို ကြ​၏။ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ရန်​ရွေး​ကောက် ခြင်း​ခံ​ရ​သူ​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ် လာ​ကြ​၏။-

အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ကို​အား​ကိုး မျှော်​လင့်​သူ​ဖြစ်​၍ လူ​ဆိုး​လူ​ကောင်း​မ​ရွေး လူ​ခပ်​သိမ်း​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။-

သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​သေ​ခြင်း​တ​ရား အား​ဖြင့် စိုး​မိုး​ခဲ့​သည်​နည်း​တူ​ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား​ထာ​ဝ​ရ​အ​သက် ကို​ရ​စေ​ရန်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်​စိုး​မိုး​သ​တည်း။

အ​ပြစ်​တ​ရား​၏​အ​ခ​ကား​သေ​ခြင်း​ဖြစ်​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ခ​မဲ့​ပေး​တော် မူ​သော​ဆု​ကျေး​ဇူး​တော်​ကား ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း အား​ဖြင့်​ရ​ရှိ​သော​ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။-

ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို လည်း​ကောင်း​ခံ​ယူ​ရန်​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​၌​ကြွ​လာ​တော်​မူ​သော​အ​ခါ ထို​သူ တို့​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​မှာ​ထာ​ဝ​ရ​ဆုံး​ရှုံး ပျက်​စီး​ခြင်း​ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့် သ​ခင်​ဘု​ရား​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ် တော်​၏​ကြီး​မြတ်​သည့်​ဘုန်း​အ​သ​ရေ​တော် မှ​လည်း​ကောင်း​ပယ်​ခြင်း​ပင်​ဖြစ်​သည်။ သင် တို့​သည်​ငါ​တို့​ဟော​ပြော​သက်​သေ​ခံ​သည် ကို​ယုံ​ကြည်​သည်​ဖြစ်​၍​ကိုယ်​တော်​ကို​ဂုဏ် ပြု​ချီး​ကူး​သည့်​လူ​စု​တွင်​ပါ​ဝင်​ကြ​လိမ့် မည်။

ဤ​ကား​ငါ​တို့​အား​ခ​ရစ်​တော်​ကိုယ်​တော်​တိုင် က​တိ​ထား​တော်​မူ​သော​ထာ​ဝ​ရ​အသက် ပေ​တည်း။

ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​တွင်​ခို​လှုံ​ကြ လော့။ အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​ကို​ထောက်​၍ သင်​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​မည့်​နေ့​ရက် ကို​စောင့်​မျှော်​၍​နေ​ကြ​လော့။

သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။

(ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။

သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ