Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 25:25

Common Language Bible

အ​ကျွန်ုပ်​သည်​ကြောက်​ရွံ့​သ​ဖြင့်​အ​ရှင်​၏​ရွှေ​ကို မြေ​တွင်​မြှုပ်​ထား​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ရှင်​၏​ပစ္စည်း ဤ​မှာ​ရှိ​ပါ​၏' ဟု​လျှောက်​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏။

ထာ​ဝ​ရ​ဘု​ရား​က``ငါ့​အား​လိမ်​လည်​ပြော ဆို​၍​လုံး​ဝ​မေ့​လျော့​၍​အ​မှတ်​မ​ရ​ကြ သည့်​တိုင်​အောင် သင်​တို့​ကြောက်​လန့်​ကြ​သည့် ဘု​ရား​များ​ကား​အ​ဘယ်​သူ​များ​ပေ​နည်း။ ငါ​သည်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​သ​ဖြင့် သင်​တို့​သည်​ငါ့​ကို​မ​ကြောက်​တော့​ဘဲ​ရှိ​နေ ကြ​ပါ​သ​လော။-

``သို့​ရာ​တွင်​ရွှေ​တစ်​ပိ​ဿာ​ရ​သူ​သည်​လာ​၍ `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ရှင့်​အ​ကြောင်း​ကို​သိ​ပါ​၏။ အ​ရှင် သည်​ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​စိုက်​မ​ပျိုး​သည့် အ​ရပ်​တွင်​ရိတ်​သိမ်း​တတ်​ပါ​၏။ မ​ကြဲ​ဖြန့်​သည့် အ​ရပ်​တွင်​စု​သိမ်း​တတ်​ပါ​၏။-

``သ​ခင်​က​လည်း `အ​ချင်း​ဆိုး​ညစ်​သည့်​ကျွန်​ပျင်း၊ ငါ​သည်​မိ​မိ​မ​စိုက်​မ​ပျိုး​သည့်​အ​ရပ်​တွင်​ရိတ်​သိမ်း ၍​မ​ကြဲ​မ​ဖြန့်​သည့်​အ​ရပ်​တွင်​စု​သိမ်း​တတ်​သည် ကို​သင်​သိ​သည်​မှန်​လျှင်၊-

ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-

သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ