မဿဲ 25:12Common Language Bibleသို့ရာတွင်မင်္ဂလာဆောင်သတို့သားက `မဖွင့် ပေးနိုင်ပါ။ သင်တို့ကိုငါမသိ' ဟုပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။