Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 24:51

Common Language Bible

သူ့​ကို​ပြင်း​စွာ​ကြိမ်​ဒဏ်​ခတ်​၍​ကြောင်​သူ​တော်​တို့ ခံ​ရ​သော​ကံ​ကြမ္မာ​ဆိုး​ကို​ခံ​စေ​လိမ့်​မည်။ သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။

အ​ပြစ်​ကူး​လွန်​သည့်​ဇိ​အုန်​မြို့​သူ​မြို့​သား တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​၍​နေ​ကြ​၏။ သူ တို့​က``ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော် မူ​ချက်​သည် ထာ​ဝ​စဉ်​တောက်​လောင်​နေ​သော မီး​နှင့်​တူ​၏။ ဤ​သို့​သော​မီး​မှ​ငါ​တို့​လွတ် မြောက်​၍​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ ပါ​မည်​လော'' ဟု​ဆို​ကြ​၏။-

ဤ​သည်​ကား​သင်​တို့​ကံ​ကြမ္မာ​ဖြစ်​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​လေ​ပြီ။ သင်​တို့​သည်​ကိုယ်​တော်​အား​မေ့​လျော့​ကာ ဘု​ရား​အ​တု​အ​ယောင်​များ​ကို​ယုံ​ကြည် အား​ကိုး​ကြ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည် သင်​တို့​အား​ဤ​သို့​စီ​ရင်​ရန်​ဆုံး​ဖြတ် တော်​မူ​ခြင်း​ဖြစ်​၏။-

ထို​အ​ခါ​မင်း​ကြီး​က​မင်း​စေ​တို့​အား `ထို​သူ​၏ ခြေ​လက်​တို့​ကို​တုပ်​နှောင်​ပြီး​လျှင်​အ​ပြင်​အ​မှောင် ထဲ​သို့​ထုတ်​လိုက်​ကြ။ ထို​နေ​ရာ​တွင်​သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက် နေ​ရ​လိမ့်​မည်' ဟု​အ​မိန့်​တော်​ရှိ​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။

ထို​နောက်​ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင် သည့်​အ​ချိန်​၌​သူ့​သ​ခင်​သည်​ပြန်​လာ​၍၊-

အ​သုံး​မ​ကျ​သည့်​ဤ​ကျွန်​ကို​အ​ပြင်​အ​မှောင်​ထဲ သို့​ထုတ်​လိုက်​ကြ။ သူ​သည်​ထို​အ​ရပ်​တွင်​ငို​ကြွေး မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ​လိမ့် မည်' ဟု​ဆို​၏။''

သို့​ရာ​တွင်​နိုင်​ငံ​တော်​သား​ဖြစ်​သင့်​သူ​တို့​မူ​ကား ပြင်​ပ​အ​မှောင်​ထဲ​သို့​ထုတ်​ပစ်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​ရပ်​တွင်​သူ​တို့​သည်​ငို​ကြွေး​မြည် တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင်​သည့် အ​ချိန်​၌​အိမ်​ရှင်​သည်​ပြန်​လာ​၍ သူ့​ကို​ပြင်း ထန်​စွာ​ဒဏ်​ခတ်​၍ သစ္စာ​မဲ့​သူ​တို့​ခံ​စား​ရ မည့်​ကံ​ကြမ္မာ​ကို​ခံ​စား​စေ​လိမ့်​မည်။

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ထဲ​တွင် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပ​ရော​ဖက်​အ​ပေါင်း တို့​ရောက်​ရှိ​ကြ​သည်​ကို​မြင်​လျက် မိ​မိ​တို့​ကိုယ် တိုင်​က​မူ​နိုင်​ငံ​တော်​၏​ပြင်​ပ​သို့​နှင်​ထုတ်​ခြင်း ခံ​ရ​ကြ​သော​အ​ခါ​အ​ဘယ်​မျှ​ငို​ကြွေး​မြည် တမ်း​ခြင်း၊ အံ​သွား​ကြိတ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ