Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 24:42

Common Language Bible

သို့​ဖြစ်​၍​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​၏ အ​ရှင်​သည်​အ​ဘယ်​အ​ခါ​ကြွ​လာ​တော်​မူ​မည် ကို​သင်​တို့​မ​သိ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် မည့်​နေ့​ရက်​နှင့်​အ​ချိန်​နာ​ရီ​ကို​ခ​မည်း​တော်​မှ တစ်​ပါး​အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော် လည်း​မ​သိ။-

အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အ​ချိန်​ကို သာ​သိ​ရ​လျှင်​သ​တိ​နှင့်​နေ​လျက် မိ​မိ​အိမ်​ကို သူ​ခိုး​ဖောက်​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​သင်​တို့ သိ​မှတ်​ကြ​လော့။-

လူ​သား​သည်​သင်​တို့​မ​မျှော်​သော​အ​ချိန်​၌​ကြွ လာ​တော်​မူ​မည်​ဖြစ်​၍​သင်​တို့​သည်​လည်း​အ​မြဲ အ​ဆင်​သင့်​ရှိ​ကြ​လော့။

ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​ဆီ​ဝယ်​ရန်​ထွက်​သွား နေ​ခိုက်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက် လာ​၏။ အ​သင့်​ရှိ​နေ​ကြ​သော​အ​ပျို​ရံ​တို့ သည်​လည်း​သူ​နှင့်​အ​တူ​မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဝင်​ပြီး​လျှင်​တံ​ခါး​ကို​ပိတ်​ထား​လိုက်​၏။

``သို့​ဖြစ်​၍​သင်​တို့​သည်​လည်း​ထို​နေ့​ထို​အ​ချိန် ကို​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ ကျ​ရောက်​လတ္တံ့ သော​ဘေး​များ​ကို​ခံ​ရပ်​၍ လူ​သား​၏​ရှေ့​တော် တွင်​မတ်​မတ်​ရပ်​၍​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​နိုင် ကြ​ရန်​အ​မြဲ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​၏။

သင်​တို့​သည်​မိ​မိ​တို့​အိပ်​ရာ​မှ​နိုး​ထ​ကြ​ရ​မည့် နေ့​ရက်​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​ရ​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​မည့် နေ့​ရက်​ကာ​လ​သည် သ​ခင်​ယေ​ရှု​ကို​ငါ​တို့ စ​တင်​ယုံ​ကြည်​ချိန်​က​ထက်​ပို​၍​နီး​ကပ် လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။-

သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့ အိပ်​ပျော်​၍​မ​နေ​ရ​ကြ။ နိုး​နိုး​ကြား​ကြား​ရှိ ရ​ကြ​မည်။ သမ္မာ​သ​တိ​ရှိ​ရ​ကြ​မည်။-

အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​အ​တွက်​နောက်​ဆုံး သော​အ​ချိန်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည် ဆု​တောင်း​နိုင်​ကြ​ရန် မိ​မိ​တို့​၏​စိတ်​ကို​ထိန်း ချုပ်​လျက်​နိုး​နိုး​ကြား​ကြား​ရှိ​ရ​ကြ​မည်။-

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ သင်​တို့​၏​ရန်​သူ​မာရ်​နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့​သို့​ဝါး​မျို​ရ​မည့်​သူ​ကို လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ​၏။-

``ငါ​သည်​သူ​ခိုး​လာ​သ​ကဲ့​သို့​အ​မှတ်​မ​ထင် လာ​မည်။ သို့​ဖြစ်​၍​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ​၍​လူ​တို့​၏​ရှေ့​၌​အ​ရှက်​မ​ရ​စေ ရန်​နိုး​လျက်​နေ​၍ မိ​မိ​၏​အ​ဝတ်​များ​ကို သ​တိ​နှင့်​စောင့်​ကြပ်​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ