Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 24:34

Common Language Bible

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ယ​ခု​အ​သက်​ရှင် လျက်​ရှိ​သူ​တို့​မ​သေ​လွန်​မီ​ဖြစ်​ပျက်​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။

သူ​သည်​သွား​၍​မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ် ခု​နစ်​ဦး​ကို​ခေါ်​ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ လေ​၏။ သို့​ဖြစ်​၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဖြစ်​အင် သည်​ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​ရွား​လေ​တော့​၏။ ဤ​ဆိုး​ညစ်​သော​လူ​တို့​သည်​လည်း​ထို​နည်း​အ​တိုင်း ပင်​ခံ​စား​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည် လူ​သား​အား​ဘု​ရင် အ​ဖြစ်​နှင့်​ကြွ​လာ​တော်​မူ​သည်​ကို​မ​မြင်​မီ မ​သေ​ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။

ဤ​အ​မှု​အ​ရာ​အ​ပေါင်း​တို့​အ​တွက်​ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်​ဟု အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​၏။''

သို့​ဖြစ်​၍​အာ​ဗေ​လ​မှ​သည်​ဗိ​မာန်​တော် အ​တွင်း​ပိုင်း​နှင့်​ယဇ်​ပလ္လင်​အ​ကြား​မှာ အ​သတ် ခံ​ခဲ့​ရ​သည့်​ပ​ရော​ဖက်​ဇာ​ခ​ရိ​အ​ထိ၊ ကမ္ဘာ တည်​ချိန်​မှ​စ​၍​အ​သတ်​ခံ​ခဲ့​ရ​သော​ပ​ရော ဖက်​များ​၏​အ​သွေး​ကြောင့် ဤ​ခေတ်​လူ​တို့ သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​မှု​အား​လုံး​အ​တွက် ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်​ဟု​ငါ​အ​မှန်​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ