Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 24:19

Common Language Bible

ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​နှင့်​သား​ငယ် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ​တော့​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​၏​သား​ယော​န​သန်​တွင်​မေ​ဖိ​ဗော​ရှက် ဟု​နာ​မည်​တွင်​သော​သား​တစ်​ယောက်​ကျန်​ရစ်​၏။ အ​သက်​ငါး​နှစ်​ရှိ​သော​သား​ငယ်​ကို​အ​ထိန်း တော်​သည်​ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့်​ယော န​သန်​တို့​အ​သတ်​ခံ​ရ​ကြောင်း​သ​တင်း​ကို ကြား​လျှင်​သူ့​အား​ချီ​ပွေ့​၍​ထွက်​ပြေး​လေ သည်။ သို့​ရာ​တွင်​အ​လျင်​အ​မြန်​ပြေး​ရ​သည့် အ​တွက်​က​လေး​သည်​အ​ထိန်း​တော်​၏​လက် မှ​လွတ်​ကျ​သ​ဖြင့်​ခြေ​ဆွံ့​လေ​၏။

မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ​ချီ​တက်​လာ​စဉ် လမ်း​ခ​ရီး​တွင်​တိ​ဖ​သ​မြို့​သား​တို့​သည် မိ​မိ အား​အ​ညံ့​မ​ခံ​ကြ​သော​ကြောင့် ထို​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​နယ်​မြေ​များ​ကို​လုံး​ဝ ဖျက်​ဆီး​လေ​၏။ သူ​သည်​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​တို့​၏​ဝမ်း​ကို​ပင်​ခွဲ​၍​သတ်​လေ​သည်။

ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည် ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။

ရှ​မာ​ရိ​ပြည်​သည်​ငါ့​ကို​ပုန်​ကန်​သော ကြောင့်​ဒဏ်​ခတ်​ခြင်း​ကို​ခံ​ရ​မည်။ ရှ​မာ​ရိ ပြည်​သား​တို့​သည်​စစ်​ဘေး​ကြောင့်​သေ​ကြေ ပျက်​စီး​ရ​မည်။ က​လေး​ငယ်​တို့​သည်​မြေ ပေါ်​သို့​ဆောင့်​သတ်​ခြင်း​ကို​ခံ​ရ​မည်။ ကိုယ် ဝန်​ဆောင်​တို့​၏​ဝမ်း​များ​ကို​လဲ​ခွဲ​ခံ​ရ​မည်။''

``ဤ​သူ​ငယ်​တို့​အ​ဘယ်​သို့​ကြွေး​ကြော်​နေ​ကြ သည်​ကို​ကြား​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​ကြား​၏။ `ကိုယ်​တော်​သည် သူ​ငယ်​များ​နှင့်​မိ​ခင်​ရင်​ခွင်​ရှိ​နို့​စို့​များ​အား ချီး​မွမ်း​စေ​ရန်​သင်​ကြား​ပေး​တော်​မူ​ပြီ' ဟူ သော​ကျမ်း​စ​ကား​ကို​သင်​တို့​အ​ဘယ်​အ​ခါ မျှ​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။-

သင်​တို့​သည်​ထွက်​ပြေး​ရ​မည့်​အ​ချိန်​ကာ​လ​သည် ဆောင်း​ဥ​တု​၌​သော်​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​၌ သော်​လည်း​ကောင်း​မ​ကျ​မ​ရောက်​ပါ​စေ​နှင့်​ဟု ဆု​တောင်း​ကြ​လော့။-

ထို​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​နှင့် သား​သည် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။ ယု​ဒ​ပြည်​သည်​အတိ​ဒုက္ခ​ရောက်​၍ ပြည်​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ