Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 24:17

Common Language Bible

အိမ်​ခေါင်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အိမ်​ထဲ​မှ​ဥစ္စာ ပစ္စည်း​များ​ကို​ယူ​ရန်​အောက်​သို့​မ​ဆင်း​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

တစ်​နေ့​သ​၌​ည​နေ​ခင်း​အ​ချိန်​တွင်​ဒါ​ဝိဒ် သည်​အိပ်​စက်​နား​နေ​ရာ​မှ​နိုး​ထ​၍ နန်း​တော် အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​စင်္ကြံ​လျှောက်​နေ စဉ် ရှု​ချင်​ဖွယ်​အ​ဆင်း​လှ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရေ​ချိုး​နေ​သည်​ကို​မြင်​တော်​မူ​၏။-

စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။

အ​မှောင်​တွင်​သင်​တို့​အား​ငါ​ပြော​သော​စ​ကား ကို​အ​လင်း​တွင်​ပြော​ကြား​ကြ​လော့။ တီး​တိုး ကြား​ရ​သည့်​စ​ကား​ကို​အိမ်​မိုး​ထက်​မှ​ကြွေး ကြော်​ကြ​လော့။-

ထို​သို့​မြင်​ရ​သော​အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည် တောင်​များ​ပေါ်​သို့​ပြေး​ကြ​စေ။-

လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။-

``ထို​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​စား​သောက်​ရ​ပါ​မည်​နည်း ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ် အ​ရာ​ကို​ဝတ်​ရ​ပါ​မည်​နည်း​ဟု​ကိုယ်​ခန္ဓာ​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည်​အ​စား​အ​သောက် ထက်​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​လည်း ကောင်း​ပို​၍​အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။-

သို့​ဖြစ်​၍​မှောင်​မိုက်​တွင်​သင်​တို့​ပြော​သော​စ​ကား များ​ကို​အ​လင်း​တွင်​လူ​တို့​ကြား​သိ​ကြ​လိမ့် မည်။ အိမ်​အ​တွင်း​ခန်း​တွင်​သင်​တို့​တီး​တိုး​ပြော ဆို​သော​စ​ကား​များ​ကို​အိမ်​ခေါင်​မိုး​ထက်​မှ ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် အိမ်​အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​အုတ်​ကြွပ် များ​ကို​ဖောက်​၍ သူ​နာ​ကို​ထမ်း​စင်​နှင့်​တ​ကွ လူ​တို့​အ​လယ်​သ​ခင်​ယေ​ရှု​၏​ရှေ့​တော်​သို့ လျော​ချ​ကြ​၏။-

ထို​သူ​တို့​သည်​ခ​ရီး​ပြု​ကြ​ရာ​နောက်​တစ်​နေ့ ၌​ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​ကြ​၏။ မွန်း​တည့် ချိန်​ခန့်​တွင်​ပေ​တ​ရု​သည် ဆု​တောင်း​ရန်​အိမ် အ​မိုး​ပေါ်​သို့​တက်​လေ​သည်။-

``သင်​သည်​အိမ်​သစ်​တစ်​ဆောင်​ကို​ဆောက်​သည့် အ​ခါ အ​မိုး​စွန်း​ပတ်​လည်​တွင်​အ​ကာ​အ​ရံ ရှိ​စေ​ရ​မည်။ ထို​သို့​ကာ​ရံ​ထား​လျှင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် အ​မိုး​ပေါ်​မှ​လိမ့် ကျ​သေ​ဆုံး​ခဲ့​သော်​သင်​၏​တာ​ဝန်​မ​ဟုတ်။

သူ​တို့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​မှ​မြို့ သို့​ပြန်​၍​ဆင်း​သွား​ကြ​သော​အ​ခါ ရှော​လု အ​တွက်​အိမ်​ခေါင်​မိုး​ပေါ်​တွင် အိပ်​ရာ​တစ်​ခု​ကို​ခင်း​ပေး​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ