ဆိုးညစ်မှုများပြားလာသဖြင့်လူတို့တွင်မေတ္တာ ခေါင်းပါးလိမ့်မည်။-
တစ်ယောက်ကိုတစ်ယောက်မုန်းလိမ့်မည်။ ထို့ပြင် ပရောဖက်အတုအယောင်အမြောက်အမြားပင် ပေါ်လာပြီးလျှင်လူများစွာတို့ကိုလှည့်စား ကြလိမ့်မည်။-
သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-
သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။
သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။
သင်ပြုခဲ့သည့်အမှုကိုငါသိ၏။ သင်သည်အပူ လည်းမဟုတ်၊ အအေးလည်းမဟုတ်သည်ကိုငါ သိ၏။ သင်သည်အပူသို့မဟုတ်အအေးတစ်ခု ခုဖြစ်စေရန်ငါအလိုရှိ၏။-