Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 23:9

Common Language Bible

ဤ​လော​က​တွင်​အ​ဘယ်​သူ​ကို​မျှ `အဖ' ဟု​မ​ခေါ် ကြ​နှင့်။ သင်​တို့​တွင်​ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​တစ်​ပါး တည်း​သာ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဝေဒ​နာ​စွဲ​၍​နေ​၏။ သူ သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​သေ​အံ့​ဆဲ​ဆဲ ဖြစ်​နေ​ချိန်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် သူ့​အား​ကြည့်​ရှု​ရန်​လာ​ရောက်​ပြီး​လျှင်``အ ကျွန်ုပ်​၏​အ​ဖ၊ အ​ကျွန်ုပ်​၏​အ​ဖ၊ အ​ရှင်​သည် ကြီး​မား​သော​တန်​ခိုး​စွမ်း​အင်​ဖြင့် ဣ​သ​ရေ​လ ပြည်​ကို​ကာ​ကွယ်​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု ငို​ကြွေး​၏။

ဧ​လိ​ရှဲ​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​ဖြင့် ဧ​လိ​ယ​အား``အို အ​ကျွန်ုပ်​၏​အ​ဖ၊ အို အ​ကျွန်ုပ် ၏​အ​ဖ၊ တန်​ခိုး​ကြီး​မား​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​သော​အ​ရှင်၊ ကိုယ် တော်​သည်​ထွက်​ခွာ​သွား​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ဟစ်​အော်​၍​ပြော​၏။ ထို​နောက်​သူ​သည်​ဧ​လိ​ယ ကို​တစ်​ဖန်​ပြန်​၍​မ​တွေ့​မ​မြင်​ရ​တော့​ချေ။ ဧ​လိ​ရှဲ​သည်​ကြေ​ကွဲ​ဝမ်း​နည်း​သ​ဖြင့် မိ​မိ​၏ ဝတ်​လုံ​ကို​နှစ်​ခြမ်း​ဆုတ်​ဖြဲ​လိုက်​၏။-

ဣသ​ရေ​လ​ဘု​ရင်​သည်​ရှ​ရိ​အ​မျိုး​သား​တို့ ကို​တွေ့​သော​အ​ခါ ဧ​လိ​ရှဲ​အား``အ​ရှင်၊ သူ​တို့ အား​သတ်​ရ​ပါ​မည်​လော။ သူ​တို့​အား​သတ်​ရ ပါ​မည်​လော'' ဟု​မေး​တော်​မူ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယဇ် ပု​ရော​ဟိတ်​တို့​အား``သား​သည်​ဖ​ခင်​အား လည်း​ကောင်း၊ အ​စေ​ခံ​သည်​သ​ခင်​အား​လည်း ကောင်း​ရို​သေ​လေး​စား​၏။ ငါ​သည်​သင်​တို့​၏ ဖ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​သင်​တို့ ငါ့​အား​မ​ရို​သေ​ကြ​ပါ​သ​နည်း။ ငါ​သည် သင်​တို့​၏​သ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့် သင်​တို့​ငါ့​အား​မ​လေး​စား​ကြ​ပါ​သ​နည်း။ သင်​တို့​သည် ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​ပြီး လျှင်``ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ အ​ဘယ်​သို့​မ​ထီ​မဲ့​မြင်​ပြု​မိ​ကြ​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။-

သင်​တို့​သည်​ခေါင်း​ဆောင်​ဟူ​၍​လည်း​အ​ခေါ်​မ​ခံ ကြ​နှင့်။ သင်​တို့​တွင်​မေ​ရှိ​ယ​တည်း​ဟူ​သော​ခေါင်း ဆောင်​တစ်​ပါး​တည်း​သာ​ရှိ​၏။-

(ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့ သည်​ထို​သို့​စိုး​ရိမ်​တတ်​ကြ​သည်) ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​ထို​အ​ရာ​အား​လုံး​ကို​သင် တို့​လို​ကြောင်း​သိ​တော်​မူ​၏။-

သင်​တို့​သည်​အ​ပြစ်​သား​များ​ပင်​ဖြစ်​သော်​လည်း မိ​မိ​တို့​၏​သား​သ​မီး​များ​အား​ကောင်း​မွန်​သော အ​ရာ​များ​ကို​ပေး​တတ်​ကြ​လျှင် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​လည်း မိ​မိ​ထံ​တောင်း​လျှောက် သူ​တို့​အား​ကောင်း​မွန်​သော​အ​ရာ​တို့​ကို​သာ​၍ ပင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။

``ညီ​အစ်​ကို​များ​နှင့်​ဖ​ခင်​တို့၊ ယ​ခု​အ​ကျွန်ုပ် ထု​ချေ​မည့်​စ​ကား​ကို​နား​ထောင်​ကြ​ပါ'' ဟု ဆို​၏။-

သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။-

ငါ​သည်​သင်​တို့​၏​အ​ဖ​ဖြစ်​မည်။ သင်​တို့​သည် လည်း​ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။

ငါ​တို့​အား​ဆုံး​မ​သော​လူ​ဖ​ခင်​ကို​ငါ​တို့ က​ရို​သေ​လေး​စား​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​သည်​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​၏ အ​ဆုံး​အ​မ​ကို​ပို​၍​ပင် ခံ​ယူ​ကာ​အ​သက် ရှင်​သင့်​ကြ​သည်​မ​ဟုတ်​လော။-

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဟု​အ​ခေါ်​ခံ​ရ​ကြ​သော​အ​ခွင့်​ကို​ရ​ကြ​သ​ဖြင့် ငါ​တို့​အား​ခ​မည်း​တော်​ဘု​ရား​သည်​မည်​မျှ ချစ်​တော်​မူ​သည်​ကို​ဆင်​ခြင်​ကြ​လော့။ ငါ​တို့ သည်​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​ဖြစ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​လော​က သား​တို့​က​ငါ​တို့​ကို​မ​သိ။ သူ​တို့​သည်​ခ​မည်း တော်​ကို​လည်း​မ​သိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ