Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မဿဲ 23:32

Common Language Bible

သင်​တို့​၏​ဘိုး​ဘေး​များ​စ​တင်​ကူး​လွန်​ခဲ့​သည့် အ​ပြစ်​ကို​အ​ပြီး​တိုင်​အောင်​ဆက်​လက်​ကူး​လွန် ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​အ​မျိုး​လေး​ဆက် တိုင်​အောင်​နေ​ပြီး​မှ ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​မော​ရိ​အ​မျိုး သား​တို့​သည် ဆိုး​သွမ်း​၍​ဒဏ်​သင့်​သည့်​အ​ခါ ရောက်​မှ​သူ​တို့​အား ဤ​ပြည်​မှ​ငါ​နှင်​ထုတ် မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​သည်​ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ တော်​မူ​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​လူ​တို့​အား မိ​မိ​တို့​ဘိုး​ဘေး​များ​၏​အ​ပြစ်​များ အ​တွက်​ဒဏ်​ခတ်​တော်​မူ​ခဲ့​ပါ​၏။ ကိုယ်​တော် ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး​တော် နှင့်​ပြည့်​စုံ​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော် မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ပါ​၏။-

သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​စ​ကား​ကို​နား မ​ထောင်။ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သင် တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​ထက်​ပင် ပို​မို​၍​ခေါင်း​မာ​ပုန်​ကန်​သူ​များ​ဖြစ်​လာ ကြ​လေ​သည်။

``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့​အား​စစ် ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ အ​သင့်​ရှိ လျှင်​စစ်​ဆေး​စီ​ရင်​လော့။ သူ​တို့​အား​မိ​မိ တို့​ဘိုး​ဘေး​များ​ပြု​ကျင့်​ခဲ့​သော​စက်​ဆုပ် ဖွယ်​ကောင်း​သည့်​အ​မှု​တို့​ကို​သ​တိ​ပေး​ဖော် ပြ​လော့။-

ဘိုး​ဘေး​တို့​၏​ဒု​စ​ရိုက်​မျိုး​ကို​ကူး​လွန် သော​အား​ဖြင့် ယ​ခု​သင်​တို့​သည်​ဒု​စ​ရိုက် ပြု​သော​မျိုး​ဆက်​သစ်​ဖြစ်​လာ​ကြ​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘုရား​၏​ပြင်း ထန်​သော​အ​မျက်​တော်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပေါ်​သို့​တစ်​ဖန်​ကျ ရောက်​စေ​ရန်​ပြု​ကျင့်​နေ​ကြ​ပါ​သည် တ​ကား။-

သို့​ဖြစ်​၍​သင်​တို့​သည်​ပ​ရော​ဖက်​များ​ကို​သတ် ဖြတ်​သူ​တို့​၏​သား​မြေး​များ​ဖြစ်​ကြောင်း​ဝန်​ခံ ကြ​လေ​ပြီ​တ​ကား။-

အ​ချင်း​မြွေ​ဆိုး​များ​နှင့်​မြွေ​ဆိုး​၏​သား​မြေး တို့၊ သင်​တို့​သည်​င​ရဲ​သို့​လား​ရ​မည့်​ဘေး​ဒဏ် မှ​အ​ဘယ်​သို့​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။-

သူ​တို့​သည်​ကယ်​တင်​ခြင်း​တ​ရား​ကို​လူ​မျိုး ခြား​တို့​အား ငါ​တို့​ဟော​ပြော​မှု​ကို​ပင်​လျှင် တား​ဆီး​ရန်​ကြိုး​စား​ကြ​သည်။ ဤ​အ​ပြစ် သည်​သူ​တို့​ကူး​လွန်​နေ​ကျ​ဖြစ်​သော အ​ပြစ်​များ​ကို ပြည့်​စုံ​အောင်​နောက်​ဆုံး ကူး​လွန်​သော​အ​ပြစ်​ဖြစ်​၏။ သို့​ဖြစ်​၍ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ